Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#July 1 #St. Nicasius (1135-1187) #ဓမ္မအာဇာနည် Posted by M Sulatthtwe

စိန့်နီကာစီယပ်သည် ၁၁၃၅ ခုနှစ်တွင်စစ္စလီကျွန်း၌မွေးဖွားခဲ့သည်။ ကျွန်ုပ်တို့ ကိုးစားသော သန့်ရှင်းသော ယောဟန်ဗတ္တိစတားအသင်းဘောင်မှ ရဲရင့်သောစစ်သည် တော်တစ်ဦးဖြစ်ပြီး ပါလက်စတိုင်းနှင့်တိုက်ခိုက်သောခရူးဆိတ်စစ်ပွဲ၌ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ သူသည် ၁၁၈၇ တွင်အခြားသူများနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး ခေါင်းဖြတ်သတ်ခံခဲ့ရကြောင်း သူ့အစ်ကို Ferrandino ကပြောခဲ့သည်။ စစ္စလီကျွန်းတွင် စိန့်နီကာစီယပ်စ်အား ယနေ့တိုင်အောင်ယုံကြည်အားကိုးခြင်း များပျားလျက်ရှိသည်။ သူ၏ပုံတူပန်းချီကားတွင် ရေးထိုးထားသော ကမ္ဗည်းစာကို စိန့်ဒေါမိနစ် (Palermo)မှ ဖော်ပြခဲ့သည်မှာ စိန့်နီကာစီယပ်စ်သည် အာဇာနည်နှင့်ယေဇူးခရစ်၏ စစ်သားကောင်းတစ်ဦးဖြစ်သည်။ လည်ပင်းမှစီးဆင်းခဲ့သောသွေးများသည် သခင်ယေဇူးခရစ်တော်၌ သူ၏နာမည်ကိုသယ်ဆောင်ခဲ့ခြင်းဖြင့် သူသည်နာကျင်ခြင်းမရှိရ။ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ သူရဲကောင်းသည် ကောင်းကင်ဘုံ၌မြင့်မြတ်သောနေရာမှ ကျွန်ုပ်တို့အား ကြည့်ရှုစောင့်ရှောက်ကာ လည်းပင်းဂလင်းအကြိတ်ဝေဒနာမှ ကုသကာကွယ်ပေးလိမ့်မည်။ လည်ပင်းအကြိတ်ဝေဒနာခံစားရသူများ၏ အဝတ်ပေါ်၌ သူ၏နာမည်ကို ရေးထိုးပြီး ယုံကြည်အားကိုးစွာဆုတောင်းလျှင် သန့်ရှင်းသောအာဇာနည်သည် သူသိသောရောဂါကိုမည်သို့ ကုစားရမည်ကိုအမှန်ပင်သိလိမ့်မည်။ သူသည်စီစီလီယင်(Sicilian-Sicily) မှဆင်းသက်လာသူဖြစ်သည်။ ၁၀၈၈ တွင် သူနှင့်အတူ သူ၏မိသားစုအားလုံး ခရစ်ယာန်ဘာသာသို့ကူးပြောင်းခဲ့ပြီး၊ Gerland ရှိ Girgenti မှဘိရှော့က Sciacca ၌ဆေးကြောခြင်းခံယူခဲ့ကြသည်။ ညီအစ်ကိုနှစ်ယောက်ဖြစ်သော Ferrandino နှင့် Nicasius တို့သည်ဘုရားဖူးများ၊ ဖျားနာသူများနှင့် ဆင်းရဲနွမ်းပါးသူများအား ကူညီပံ့ပိုးရန်နှင့် ကာကွယ်စောင့်ရှောက်ရန်အတွက် သန့်ရှင်းသော ယောဟန်ဗတ္တိစတားအသင်းသား (Saint John the Baptist) အဖြစ် ဆင်းရဲခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ နာခံခြင်း ကတိသစ္စာသုံးပါးနှင့် လက်နက်ကိုင်ဆောင်ခွင့် ဟူသည့် စတုတ္ထကတိသစ္စာကိုခံယူခဲ့ကြသည်။ သန့်ရှင်းသောမြေကို ကာကွယ်ရန်အတွက်နှင့် ဘုရားဖူးများ၊ ဖျားနာသူများကိုကူညီခြင်း၊ ယုံကြည်ခြင်းအတွက်ကာကွယ်ခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်း စသည့်စိတ်ဓာတ်အပြည့်ထားလျက် ဧဝံဂေလိတရားတော် အခြေခံသွန်သင်ချက်အပေါ် အသင်းတော်၏ အမိန့်နာခံခြင်းစိတ်ဓာတ်ကို အပြည့်အဝလိုက်နာခဲ့ကြသည်။ ဆုတောင်းခြင်း၊ ကူညီရိုင်းပင်းသော၊ တက်ကြွလှုပ်ရှားသောချစ်ခြင်းမေတ္တာဖြင့် သန့်ရှင်းသောအမိအသင်းတော်နှင့် ပေါင်းစည်းလျက်လုပ်ဆောင်ခဲ့ကြသည်။ ၁၁၈၇ ခရူးဆိတ်တိုက်ပွဲ၌ စိန့်နီကိုစီယပ်သည် Roger Des Moulins ၏စစ်တပ်တွင် ကပ္ပတိန်တစ်ဦးဖြစ်ပြီး ဟတ်တင့်စစ်ပွဲအတွင်း၊ အကျဉ်းသားအဖြစ် ခေါ်ဆောင်ခြင်းခံရပြီး မူဆလင်ဘာသာသို့ ဘာသာပြောင်းဝင်ရန်ငြင်းဆန်သောကြောင့် သူသည် Saladin ၏ရှေ့မှောက်၌ ခေါင်းဖြတ်ခံခဲ့ရသည်။ နီကာစီယပ်သည် သူသေဆုံးသည့်ပထမနှစ်များအကြာတွင် အာဇာနည်အဖြစ် ကြည်ညိုလေးမြတ်ခြင်းခံရသည်။ သူသည်ခရစ်တော်အတွက်နှင့် ယုံကြည်ခြင်းကိုကာကွယ်ရာ၌ ခရစ်ယာန်တစ်ဦးအနေဖြင့် သေဆုံးခဲ့ကြောင်း သက်သေပြခဲ့သည်။ စိန့်နီကိုစီယပ်သည် ဓမ္မအာဇာနည်နှင့် မိမိကိုယ်၏ယုံကြည်ခြင်းအတွက် သက်သေခံခဲသူ၊ ကောင်းကင်တမန်တော်၏ စိတ်ဓာတ်ဖြင့် မည်ကဲ့သို့နေထိုင်ရမည်ကို ဥပမာပေးခဲ့သည့် ခရူးဆိတ်စစ်သည်တော် တစ်ယောက်ဖြစ်သည်။ သူသည် ဂျေရုဆလင်စစ်သည်တော်၏ ဝတ်စုံ (အမြောင်းရှစ်ခုပါသောခရူးစူးသည် ဧဝံဂေလိမင်္ဂလာတရားတော်ရှစ်ပါးကို ကိုယ်စားပြုသည်။)ကို ဝတ်ဆင်ထားသည်။ သခင်ယေဇူး၏နာမတော်၌ဆင်းရဲခြင်း၊ သန့်ရှင်းသောပြည်သို့ခရီးရှည်သွားခြင်း၏ ဒုက္ခဆင်းရဲကိုလက်ခံခြင်း၊ ခရစ်တော်၌ ဝန်ထမ်းခြင်းအနေဖြင့်မိမိ၏ သက်တောင့်သက်သာရှိမှုများကို စွန့်ခွာခြင်း၊ သခင်ဘုရား၏နာမတော်၌ နာမကျန်းဖြစ်သူများ၊ အစားအစာနှင့်တရားမျှတမှုကို ဆာလောင်မွတ်သိပ်သောသူတို့အား သနားကြင်နာခြင်း၊ ခရီးသွားများအတွက် ကယ်တင်ရှင်ခရစ်တော် အသက်ရှင်ခဲ့သော သန့်ရှင်းသောနေရာသို့ ကြည်ညိုလေးမြတ်ခြင်း စိတ်ဝိညာဥ်များဖြင့် ယုံကြည်သူများထံသို့ ဝမ်းမြောက်ဝမ်းသာစွာ တစ်ဖန်ပြန်ပြီး ပေးကမ်းရန်မျှော်လင့်ခဲ့သည်။ ဤအရာအလုံးစုံတို့သည် လူသားအချင်းချင်းကိုပြုသော ကောင်းမြတ်သော အမှုဖြစ်လေသည်။ ခရစ်ယာန်များထံမှ အတားအစီးများရာနေရာ၌ သူ၏ခွန်အားဖြစ်သော ချစ်ခြင်းမေတ္တာသည် နှိပ်စက်ညှဉ်းပန်းမှုတွင် ငြိမ်သက်ခြင်းကိုရရှိရန်ဖြစ်သည်။ စစ္စလီကျွန်းတွင်စိန့်နီကာစီယပ်စ်အား ကြည်ညိုလေးမြတ်မှုအလေ့အထသည် ကက်ကာမို Caccamo မှပြန့်နှံ့သွားသည်။ ထိုနေရာ၌ ကာဘရာရာမိသားစုမှ စိန့်နီကာစီယပ်သည် သူတို့၏ဘိုးဘေးဖြစ်သည်ဟုပြောဆိုပြီး၊ မိသားစုကိုကာကွယ်စောင့်ရှောက်သူအဖြစ် အသိအမှတ်ပြုပြီး၊ တစ်ချိန်တည်းတွင် သူ့ထံတောင်းလျှောက်ခြင်း၊ ကြည်ညိုလေးမြတ်ခြင်း အမြင့်ဆုံးအထိရောက်ရှိခဲ့သည်။ စိန့်နီကာစီယပ်စ်၏ကြားဝင်ဖြန်ဖြေမှုကြောင့် Caccamo တွင်တွေ့ခဲ့သည့် အံ့ဖွယ်အမှုများမှာ ၁၅၇၅ နှင့် ၁၆၂၄ တို့၏ကပ်ရောဂါများကို ရပ်တန့်စေနိုင်သည့် အကြောင်းအရာတစ်ခုဖြစ်သည်။ စိန့်နီကာစီယပ်စ်သည် struma or scrofula ဟုခေါ်သောလည်ပင်း၏ အနာရောဂါတစ်မျိုးကို ကုစားရန်ဆုတောင်းကာ ရပ်တန့်စေခဲ့လေသည်။ ဤအချိန်မှစ၍ စစ္စလီကျွန်း၌ စိန့်နီကာစီယပ်စ်ကို ဆည်းကပ်ကြည်ညိုခြင်းပြန့်ပွားလာလေသည်။ ၁၉၉၆ အောက်တိုဘာ ရက်တွင်ပါလဲမိုမှ Cardinal Salvatore De Giorgi သည် Nicasius ကို ရဟန္တာတင်မြောက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် မှ ၂၀၀၁ ခုနှစ်တွင် နီကာစီယပ်စ်အား ရဟန္တာတင်မြောက်ခဲ့သည်။ သူသည် သက်သေတော် ဓမ္မအာဇာနည်တစ်ဦးဖြစ်သည်။ သူ၏ ပွဲနေ့ကို ဇူလိုင် ရက်နေ့တွင် ကျင်းပသည်။

#St. Nicasius (1135-1187)

#Sr. Petronilla (SFX)

ရဟႏာၱ