Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#1 JULY #ST. GALL Bishop (A.D. 486 - 553) #စိန့်ဂေါလ် #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

စိန့်ဂေါလ်သည် Clermont မြို့ Aurenge ပြည်၌ အေဒီ ၄၈၆-ခုနှစ်တွင် မွေးဖွားသည်။ မိဘများသည် ပစ္စည်းဥစ္စာကြွယ်ဝသူများဖြစ်ကြသည်။ ရောမရှိ Lyon မြို့မှာ တရားတော်အတွက် အသေခံခဲ့သူဖြစ်သည်။ သူတို့၏သားကို ကောင်းမွန်စွာ ကြည့်ရှုကြ၍ အရွယ်ရောက်သောအခါ မင်းတိုင်ပင်ခံ မှူးမတ်၏သမီးနှင့် စေ့စပ်လက်ထပ်ရန် တောင်းပေးသည်။ သို့သော် စိန့်ဂေါလ်သည် မိမိကိုယ်ကို ဘုရားသခင်အားပေးဆပ်ရန် ရည်ရွယ်ထားသည့်အတိုင်း တိတ်တဆိတ်အိမ်မှထွက်သွား၍ ရသေ့ကျောင်းသို့ ဝင်သည် Cournon ကော်နုန်းရသေ့ကျောင်းတွင် ဆုတောင်းခြင်းကို သင်ယူသည်။ ရသေ့အကြီးအကဲက မိဘတို့၏ဆန္ဒကိုတောင်းဆိုသည်။ ထို့ကြောင့် ဆင်းရဲခြင်းပါရမီကိုကျင့်သုံးလိုက်နာရန် လောကကိုစွန့် လွှတ်ရန် မိဘတို့၏ သဘောတူမှုရခဲ့သည်။ စိန့်ဂေါလ်၏ပါရမီသည် ထူးခြားစွာထင်ရှားလာသည်။ ၅၂၇-ခုနှစ် ဆရာတော် (Quintain) ကွင်းတင် သေဆုံးသွားသောအခါ စိန့်ဂေါလ်သည် ဆရာတော်ဖြစ်လာသည်။ သူ၏နှိမ့်ချခြင်းကရုဏာမေတ္တာနှင့် စိတ်ထက်သန်စွာကြိုးစားခြင်းသည် ထင်ရှားကျော်ကြားလာသည်။ သူသည် အလွန်စိတ်ရှည်သည်းခံနိုင်သူဖြစ်သည်။ တစ်နေ့၌ သူ၏ခေါင်းကို လူရိုင်းတစ်ယောက်က ရိုက်ခဲ့သော်လည်း စိတ်ဆိုးခြင်းလုံးဝမပြဘဲပြုံးပြသည်။ သူ၏နူးညံ့သိမ်မွေ့ စွာသည်းခံခြင်းကြောင့် အလွန်ထင်ရှားကျော်ကြားသည်။ တစ်နေ့၌ ရဟန်းဘုန်းတော်ကြီးတစ်ပါးက သူ့အားစော်ကားရာတွင် သည်းခံ၍ မြို့ပြင်ရှိဘုရားကျောင်းသို့ အသာလေးထွက်သွား၍ ဆုတောင်းခြင်းပြုလုပ်သည်။ ဆရာတော်၏နူးညံ့သည်းခံခြင်းကို မြင်သော ဘုန်းတော်ကြီး (Evodius) အီဗောဒီအူစ်သည် လမ်းမကြီးအလယ်၌ ဆရာတော်၏ ခြေထောက်ကိုနမ်း၍ ခွင့်လွှတ်ရန်တောင်းပန်သည်။ ထိုအချိန်ကစပြီး သူတို့နှစ်ပါးသည် ခင်မင်ရင်းနှီးစွာဘုရားအမှုတော်ထမ်းကြသည်။ စိန့်ဂေါလ် သည် သူ၏တူလေးဖြစ်သော ဂရေဂေါ်ရီ (Gregory of Tours) အား မိမိကိုယ်ကို အပ်နှံပြီး နောက်ဆုံးနှစ်များမှာငြိမ်သက်စွာနေခဲ့သည်။ သူသည် ၅၅၃-ခုနှစ်တွင် ပျံလွန် တော်မူသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ