ရာစုနှစ် (၄)ခန့်က တရားတော်အတွက်အသေခံသူ ရဟန္တာရှင်ပရိုဆေအူစ်နှင့် ရှင်မာတီနီယာန်တို့အား ရောမခရစ်ယာန်များက ကြည်ညိုဂုဏ်ပြု ရိုသေကိုးစားကြသည်။ သို့သော်သူတို့၏ထက်မြက်မှုနှင့် ဘဝအကြောင်းအား အများကြီးမသိကြပါ။ ရောမခေတ်က ညှဉ်းပန်းနှိပ်စက်ချိန် သံပေတရုနှင့် သံပေါလုတို့ အကျဉ်းထောင်တွင်အကျဥ်းခံရချိန် တရားဟောရာ စိတ်ပြောင်းလဲလာသောသူ (၄ဝ)ထဲတွင် အပါအဝင်ဖြစ်သည်။ တမန်တော်တို့၏ သတ္တိရှိစွာ၊ လွတ်လပ်စွာ ပေးဆပ်ဟောပြောခြင်းကြောင့် ပြောင်းလဲသူများပြားလေ၏။ ဆေးကြောခြင်းခံရန် ရေမရှိသဖြင့် ထူးဆန်းအံ့သြစွာ ကျောက်တုံးပေါ်မှရေထွက်လာ၍ ၎င်းရေဖြင့် သံပေတရုသည် လူများကိုဆေးကြောခြင်းမင်္ဂလာပေးသည်။ ပေါလီစစ်သည် ရုံးတာဝန်ခံတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ရှင်ပရိုဆေအူစ်နှင့် ရှင်မာတီနီယာန်တို့အား မိမိတို့၏ယုံကြည်ခြင်းအား စွန့်လွှတ်ရန်တိုက်တွန်းခဲ့သည်။ သို့သော်သူတို့သည် ဘုရားရှင်အတွက်အသေခံရန် ခိုင်မာစွာဆုံးဖြတ်ပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့ကို ဓားဖြင့်ခုတ်ဖြတ်သတ်ကြသည်။ သူတို့၏အလောင်းကို (Lucina) လူစီနာခေါ် ကောင်းမြတ်သောအမျိုးသမီးတစ်ဦးက မိမိ၌ရှိသောပစ္စည်းနှင့် မြှုပ်နှံသင်္ဂြိုလ်ခဲ့သည်။၄-ရာစုတွင် သူတို့၏သင်္ချိုင်းဂူ၌ ဘုရားကျောင်းတော်ကြီးတစ်ဆောင် တည်ဆောက်ကြ၍ ရှင်ဂရေဂေါ်ရီက တတိယမြောက်သြဝါဒကို ၎င်းတို့၏ပွဲနေ့၌ ဟောကြားခဲ့သည်။ ထိုအချိန်တွင် များစွာသောတန်ခိုးလက္ခာများပြ၍ လူများစွာတို့ လာရောက်ကြည်ညိုကိုးစားကြသည်။ ၉-ရာစုခန့်တွင် ရှင်ပါစကား(၁)က သူတို့ ၏ဓါတ်တော်၊ဗွေတော်များကို ရှင်ပီတာဘုရားကျောင်း ပလ္လင်တော်တည်ရာနေရာတွင် ရွှေ့ပြောင်း၍ထားရှိသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)