Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#3 JULY #ST. THOMAS #စိန့်သောမား(စ်) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

သောမား(စ်)ကို (အမြွှာ) ဒီဒီမူဟုလည်းခေါ်သည်။(John 11:16;) ပညာအရည်အချင်းမရှိသော သာမန်ငါးဖမ်း သမားတစ်ဦးဖြစ်သည်။ ဂါလီလေအာပင်လယ်တွင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသောသူဖြစ်သည်။ သခင်ယေဇူး၏ နောက်လိုက်အဖြစ်ခေါ်တော်မူခဲ့သော တပည့်တော်(၁၂)ဦးအနက် တစ်ဦး အပါအဝင်ဖြစ်သည်။ သူ၏ယေဇူးခရစ်တော်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာတော်သည် လာဇရု သေဆုံးချိန်၌ တခြားတမန်တော်တို့သည် ဂျူးလူမျိုးတို့၏ ကျောက်ခဲနှင့် ပစ်သတ်မည်ကို ကြောက်ရွံ့ကြသော်လည်း သူသည်ခရစ်တော်နှင့်အတူ လိုက်ကြစို့ဟု သတ္တိရှိစွာပြောဆိုခဲ့သူဖြစ်သည်။ နောက်ဆုံးညစာစားပွဲ၌ သောမတ်(စ်)က ကျွန်ုပ်တို့လည်း သူနှင့်အတူအသေခံကြစို့ဟု ကြွေးကြော်ခဲ့သည်။ သခင်ကျွန်ုပ်တို့သည် ကိုယ်တော်ဘယ်ကို သွားရမည်ကိုမသိပါ။ ထို့ကြောင့် ကိုယ်တော်သွားရာလမ်းကို မသိပါ ဟုပြောခဲ့သည်။ တမန်တော်အချို့က ခရစ်တော်ယေဇူး ရှင်ပြန်ထမြောက်ကြောင်းကိုပြောပြရာတွင် သူသည် မယုံကြည်ခဲ့ပါ။ တစ်ပတ် ခန့်ကြာသောအခါ သခင်ယေဇူး ဒုတိယအကြိမ် ထင်ရှားပေါ်ထွက်လာချိန်၌ ကျွန်ုပ်၏ သခင်၊ ကျွန်ုပ်၏ဘုရား ဟူ၍ ဝန်ချတောင်းပန်ခဲ့သည်။ အသင်းတော်တွင် မစ္ဆားတရားပူဇော်ချိန်နှင့် ကိုယ်တော်မြတ် ကောင်းကြီးမင်္ဂလာတွင် သောမတ်(စ်)၏ဝန်ခံချက်ကို အသုံးပြုလေသည်။ တမန်တော်ကြီးများ သာသနာပြုရန်သွားကြရာတွင် သောမတ်(စ်)သည် Medas, persions, and Neighbouring peoples, and INDIA, နိုင်ငံ တို့တွင် တရားဒေသနာဟောကြားခဲ့သည်။ ထိုအချိန်၌ အိန္ဒိယနှင့် ဆီးရီးယားနိုင်ငံတို့ အကြားတွင် ကူးသန်းရောင်းဝယ်ရေးသည် အဆင်ပြေလျက်ရှိသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနောက်ကမ်းခြေတွင် ဆီးရီးယားဝတ်ပြုကိုးကွယ်ခြင်း စနစ်သည် ထင်ရှားခဲ့သည်။ နီချေအစည်းအဝေးကြီး (Council of Nicaea) ကျင်းပရာတွင် အိန္ဒိယနှင့်ပါးရှားနိုင်ငံမှ ဆီးရီးယားဆရာတော်ကြီးများသည် ကိုယ်စားလှယ်အဖြစ် တက်ရောက်ကြသည်ဟု မှတ်တမ်းတွင် ရေးသားခဲ့သည်။ -ရာစုတွင် ဘုရင်အယ်ဖရက်သည် ခရစ်ယာန်များထံသို သံအမတ်စေလွှတ်ခဲ့ဖူးသည်။ မဒရပ်()နယ် မီလာပိုရေဒေသတွင် ရှင်သောမတ်(စ်)သည် လှံဖြင့်ထိုးသတ်ခြင်းခံရသည်။ ၎င်းတောင်ကုန်းတွင် တန်ခိုးကြီးမားလှသော ရှင်သောမတ်(စ်)၏ကားတိုင်အား သဒ္ဓါကြည်ညိုစွာ စိုက်ထူခဲ့ကြသည်။ ရှင်ဂျွန်ခရစ်ဆောစ်တွမ် လက်ထဲတွင် သူ၏သင်္ချိုင်းဂူအား Edessa a'o Syria တွင်တည်ပေးကြသည်။ နောက်ပိုင်းတွင် သူ၏ ဓါတ်တော်များကို အီတလီနိုင်ငံနှင့် ပေါ်တူဂီသိုရွှေ့ပြောင်း ယူဆောင်သွားကြသည်။ ဆောက်လုပ်ရေးသမားနှင့် ဗိသုကာပညာရှင်များက ရှင်သောမတ်(စ်)အားကိုးစားကြသည်။

Reflection - If you can believe, all things are possible to him that believes". (Mark 9:22)

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ