Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#4 JULY #ST. ELIZABETH OF PORTUGAL Queen (1271 - 1336) #ရှင်ဧလီဇဘက် (ပေါ်တူဂီ) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

ဘုရင်ပီတာ() သမီးတော်၏နာမည်သည် ဧလီဇဘက်ဖြစ်သည်။ စပိန်နိုင်ငံကို အုပ်ချုပ်သော ဘုရင်ဖြစ်သည်။ ဧလီဇဘက်ကို စပိန်ဘာသာဖြင့် Isabella (အီစဘယ်လာ) ဟုခေါ်သည်။ သူမ၏ အဒေါ်ဧလီဇဘက်ခေါ် ဟန်ဂေရီနိုင်ငံသူအား ဂုဏ်ပြုသောအားဖြင့် ဧလီဇဘက်ဟုခေါ်ကြသည်။ သူမသည် စည်းကမ်းရှိသူဖြစ်၍ မိမိကိုယ်ကိုငြင်းပယ်နိုင်သူဖြစ်သည်။ အသက်၁၂-နှစ်အရွယ်တွင် ပေါ်တူဂီဘုရင် (Denis (Dinie) ဒေးနစ်နှင့် လက်ထပ်ကြသည်။ သူသည် နိုင်ငံအတွက်ကြိုးစား၍ အလုပ်လုပ်သည့်အတွက် အလုပ်သမားဘုရင်ဟု နာမည်ရသည်။ နောက်ပိုင်းတွင် ဘုရင်၏အကျင့်ပျက်မှုကြောင့် Lisbon (လီစဘွန်)မြို့လည်း ဒုက္ခရောက်ပျက်စီးသွားသည်။ မိဖုရားသည် ငယ်ရွယ်သူဖြစ်သော်လည်း ဘုရားတရားကြိုးစားသူဖြစ်၍ အစာ ရှောင်၊ ဝါရှောင်ခြိုးခြံခြင်းများပြုလုပ်သည်။ နေ့စဉ်ဖတ်ရသော ဆုတောင်းမေတ္တာ စာအုပ်များ၊ စိတ်ပုတီးများကို ပုံမှန်စိပ်ခြင်းများပြုလုပ်သည်။ ပါရမီနှင့်ပြည့်စုံသောမိဖုရား၊ ခရစ်ယာန်မိခင်ပီသသောသူဖြစ်ကြောင်း စံနမူနာဖြစ်ခဲ့သည်။ သူမ၏ဆုတောင်းမေတ္တာ၊ ကုသိုလ်ပါရမီကြောင့် လက်ထပ်ပြီး နှစ်ပေါင်း(၄၀)ကြာသောအခါ ဘုရင်သည် စိတ်ပြောင်းလဲ၍ မိမိအပြစ်များကိုနောင်တရပြီး ဘဝသစ်သို့ပြောင်းလဲလာသည်။ နောက်(၁၂)နှစ်ကြာသောအခါ ဘုရင်ဒေးနစ်သည် ဘဝဆုလဒ်တော်ကို ရယူ သွားသည်။ ဘုရင်မဧလီဇဘက်သည် Poor Clare ကွန်ဗင့်၌ အနားယူခဲ့သည်။ နောက်ပိုင်းတွင် ဖရစ်စစ်ကင်းဂိုဏ်းကိုတည်ထောင်သည်။ သူသည် ဆင်းရဲသားများကိုကြည့်ရှုရန် မိမိ၏ဘဝကိုပေးဆပ်ခဲ့သည်။ စိန့်ဧလီဇဘက်သည် ဘဝကံမကောင်းသူများ၊ မကျန်းမာသူများတို့အား အထူးပြုစုခဲ့သည်။ လူနာများနှင့် မရှိဆင်းရဲသားများအတွက် ပေါင်မုန့် ယူသွားစဉ် ယောက်ျားဖြစ်သူက အထင်လွဲမှားသောကြောင့် ၎င်းမုန့်သည် အင်မတန်မှလှပသော နှင်းဆီပန်းလေးအဖြစ်ပြောင်းလဲသွားရာ အံ့သြကြရကုန်သည်။ ထို့ကြောင့် ဟန်ဂေရီမှဧလီဇဘက်ဟု နာမည်ကျော်ကြားလာသည်။ အထက်ပါ သူမ၏ဘဝကြောင့် စိန့်ဧလီဇဘက်အား ငြိမ်းချမ်းရေးကိုဖန်တီးကြိုး စားသူဟုခေါ်ကြသည်။ ၁၂၂-ခုနှစ်တွင် အာလ်ဖုန်း(စ်)က သူမ၏ဖခင်ကို ဆန့်ကျင်တိုက်ခိုက်ပြီး အာဏာလုရန် ကြိုစားနေစဉ် စိန့်ဧလီဇဘက်သည် သတ္တိရှိစွာသွားရောက်ဖြေရှင်းပေး၍ အာလ်ဖုန်း(စ်)သည် ဖခင်နှင့် ငြိမ်ချမ်းရေးပြန်လည်ရယူကြသည်။ စိန်ဧလီဇဘက်သည် အသက် (၅၂)နှစ်ရှိပြီဖြစ်သည်။ နောက် ၁၃-နှစ်ကြာသောအချိန် အသက် (၆၅)နှစ်တွင် အရင်တုန်းကလို ပြဿနာတစ်ခုရှိသည်။ အာယ်ဖုန်း(စ်)သည် ဝမ်းကွဲတော်သူ၏သမီးကို ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ တိုက်ခိုက်ကြသည်။ ထို့ကြောင့် စိန့်ဧလိဇဘက်သည် စပိန်ပြည်သို့သွား၍ ငြိမ်းချမ်းရေးရရန်ကြိုးစားရာ အောင်မြင်ခဲ့သည်။ မကြာမီသူမသည် Estronut တွင် သေဆုံးသည်။

Reflection- Mary, Mother of grace, mother of mercy, defend us from the wicked enemy, and receive us at the hour or our death. (St. Elizabeth of Portugal)

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ