Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#5 JULY #ST. ANTHONY MARY ZACCARIA - Confessor (1502 - 1539) #စိန့်အန်ထော်နီမေရီဇာကရီယာ #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

အန်ထော်နီ၏မိခင်သည် သူ့အားငယ်ရွယ်စဉ်ကစပြီး ခရစ်ယာန်တို့၏ကျင့်ထုံးနှင့် ကရုဏာမေတ္တာအား လိုက်ကျင့်ရန်သွန်သင်ခဲ့သည်။ အန်ထော်နီသည် ဆေးတက္ကသိုလ်၌ ပညာဆည်းပူးခဲ့သည်။ သို့သော် ရဟန်းဘုန်းတော်ကြီးဖြစ်ရန် စိတ်ကူးယဉ်လေ့ရှိသည်။ ၎င်းစိတ်ကူးအတိုင်း အသက်(၂၆)နှစ်တွင် ရဟန်းသိက္ခာခံယူခဲ့သည်။ အသက်(၃၇)နှစ်တွင် ဘုရားသခင်က ပြန်လည်သိမ်းပိုက်ခဲ့သည်။ အီတလီပြည်၊ မီယန်မြို့နှင့် မွေးဇာတိခရေမိုနာမြို့တွင် (၁၁)နှစ်ကြာ သာသနာ အမှုထမ်းခဲ့စဉ်အတွင်း လူနာများ၊ ဆင်းရဲသားများအား ကရုဏာမေတ္တာလုပ်ငန်း လုပ်ပေးရာတွင် ထင်ရှားကျော်ကြားခဲ့သည်။ အီတလီနိုင်ငံမြောက်ပိုင်း၌ ဆင်းရဲခေါင်းပါးခြင်း စစ်ဘေးရန်နှင့်ကြုံတွေ့ရခြင်း စသည့်ဒုက္ခအခက်အခဲ မျိုးစုံကြားမှ အန်ထော်နီသည် ဒုက္ခသည်များကို ကူညီခဲ့သည်။ မီလန်မြို့တွင် အန်ထော်နီမေရီသည် ၁၅၃၀-ခုနှစ်တွင် "The Congregation of Regular Clerks of St. Paul to regenerate and revive the love of divine worship and a truly Christian way of life by means of the sacraments" ကို တည်ထောင်ခဲ့သည်။ မိခင်အသင်းဌာနချုပ် St. Barnabas ဘုရားကျောင်း၌ နာမည်ကျော်ကြားလာသော ရဟန်းဖြစ်လာသောအခါ "Barnabites" ဟု ခေါ်ကြသည်စိန်အန်ထော်နီမေရီကို မီလန်မြို့၏ တမန်တော်ကြီးဟုခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လူများကို စက္ကရမင်တူးခံယူရန် သွန်သင်သဖြင့် အောင်မြင်မှုရသော ကြောင့်ဖြစ်သည်။ သူသည် မြို့လယ်ခေါင်လမ်းမကြီးပေါ်တွင် မိမိလက်၌ လက်ဝါးကားတိုင်ကို ကိုင်ကာ ခရစ်တော်၏ဒုက္ခစရိယာနှင့် သေခြင်းအကြောင်းဟောပြောလေ့ရှိသည်။ မိမိတို့၏ အပြစ်များကိုဝန်ခံ၍ နောင်တရကြပါဟုတရားဟောကြားသည်။"The Angelicals of St. Paul" ဟုခေါ်သော စစ္စတာရ်ဂိုဏ်းကိုတည်ထောင်၍ လူအများ အကျင့်သီလပါရမီ တိုးတက်ရန်နှင့် လမ်းမကြီးပေါ်လေလွင့်သောသူများကို ဘဝမြှင့်တင်ပေးရန် ၎င်းစစ္စတာရ် ဂိုဏ်းများက ပါဝင်ကူညီကြသည်။ သူသေဆုံးပြီး (၂၇)နှစ်ကြာသောအခါ သင်္ချိုင်းဂူကို ဖော်ထုတ်ရာတွင် သူ၏ကိုယ်ခန္ဓာသည် မပျက်စီးပဲရှိနေသည်။

Reflection -

"Some, though many are one body in Christ and as individuals, are mutually dependent members." (Rom 12:5)

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ