Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#6 JULY #ST. MARIA GORETTI #Virgin and Martyr (1890 - 1202) #စိန့်မာရီယားဂေါ်ရက်တီ #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

သန့်ရှင်းဖြူစင်ခြင်းကိုထိမ်းသိမ်းကာကွယ်သော ရဟန္တာများတွင် ၂၀-ရာစု၏ စိန့်အဂ္ဂနက် ဟူ၍ သူမအားခေါ်ဆိုကြလေသည်။ သူမသည် အီတလီပြည် ကောရီယားဒိုတွင် မွေးဖွားသည်။ သူမသည် ကျောင်းမတက်သောကြောင့် စာမတတ်ခဲ့ပါ။ သူမ၏မိခင်က ဘုရားစကားကို ကောင်းမွန်စွာသင်ပေးသည်။ မာရီယား()နှစ်အရွယ်တွင် မိဘတို့သည် လုပ်ငန်းကြောင့် ရောမမြို့အနီးရှိ Netturo သို့ ပြောင်းရွှေ့သွားကြသည်။ ၎င်းနှစ်မှာပင် ဖခင်သေဆုံးသည်။ ထို့ကြောင့် မိခင်သည် နေ့တိုင်းအသက်မွေးဝမ်းကြောင်းအတွက် လုပ်ငန်းသို့သွား၍ မာရီယားသည် ငယ်ရွယ်သူဖြစ်သော်လည်း အိမ်မှုကိစ္စအားလုံးကို တာဝန်ယူရလေသည်။ အသက်(၁၁)နှစ်ရှိသောအခါ ဝိညာဉ်ရေးများကို လေ့ကျင့်သင်ကြား၍ ပထမကိုယ်တော်မြတ် ခံယူရန်ပြင်ဆင်နေသည်။ သူမသည် နာခံခြင်းနှင့် သန့်ရှင်းဖြူစင်ခြင်းတွင် စံနမူနာယူထိုက်စရာ လူငယ်မိန်းကလေးဖြစ်လေသည်။ အပြစ်လုပ်ခြင်းအားဖြင့် ယေဇူးခရစ်တော်ကို ဆန့်ကျင်ရန်လုံးဝ မလိုလားပါ။ ဘုရားသခင်၏ အလိုတော်ကိုလိုက်၍ သူတစ်ပါးအားကူညီသူဖြစ်ရန် အစဉ်ကြိုးစားသည်။ အာပတ်ဖြေရန်အတွက် သူမသွားရသောခရီးမှာ ()မိုင် ဝေးသော်လည်း သူမသည် ထိုခရီးကို မိမိ၏ဝိညာဉ်သန့်ရှင်းရေးအတွက် ခြေလျင်ဖြင့် အမြဲသွားရောက်ခဲ့သည်။ တစ်နေ့တွင် အိမ်နီးနားချင်းဖြစ်သူ(Alexandria)က သူမအား သုံးကြိမ်တိုင်တိုင် အတင်းအဓမ္မပြုရန် ကြံစည်ခဲ့ရာ သူမသည် အပြင်းအထန် ငြင်းပယ်ခဲ့သည့်အတွက် ထိုသူက ဓားဖြင့် (၁၄)ချက် ထိုးခဲ့သည်။ ထိုဓားဒဏ်ရာကြောင့် အသက်မသေခင်တွင် ရဟန်းဘုန်းတော်ကြီး၏ အကြံပေးချက်အရ သူမကိုအတင်းအဓမ္မပြုရန် ကြိုးစားသူအား နောင်တရနိုင်ရန် ဆုတောင်းပေးပြီး ခွင့်လွှတ်ခဲ့သည်။ မာရီယားက အမှန်တကယ်ခွင့်လွှတ်ခဲ့သကဲ့သို Alexandria သည်လည်း ထောင်ထဲတွင် ၎င်း၏အပြစ်ဒဏ်ကို (၂၉)နှစ်ကြာကျခံပြီးမှ နောင်တစွဲယူကာ အကျင့်ပြောင်းလဲလာခဲ့သည်။ ၁၉၅၇-ခုနှစ်၊ မာရီယားဂေါ်ရတီအား ရဟန္တာအဖြစ်တင်မြှောက်သောပွဲတွင် စိန့်ပီတာဘုရားကျောင်း၌ အသက်ကြီးရင့်ပြီဖြစ်သော သူမ၏မိခင်သည်လည်း ပါဝင်ခဲ့ရာ ဘုရားကျောင်းရှေ့ ရင်ပြင်တော်ကြီးတွင် သမိုင်းဝင်မှတ်တမ်းတင်ခဲ့ကြသည်။

Reflection -

"Mother, even if my body were to be cut to pieces, shall never commit sin. (St. Maria Goretti)

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ