စိန့်ဝေရော်နီကားသည် ခရစ်တော်သခင်ကဲ့သို့ ကားတိုင်တင်သတ်ခြင်းကို ခံယူလိုခဲ့သူဖြစ်သည်။ ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံလိုသော Veronica ၏ဆန္ဒသည် သခင်ခရစ်တော်၏ ဒဏ်ရာတော်ြဖင့် ဖြည့်ဆည်းပေးခြင်းခံရလေသည်။ Veronica ကိုအီတလီနိုင်ငံ၊ Mercatelli တွင်မွေးဖွားခဲ့သည်။ သူမ၏မိခင် Benedetta သေခါနီးတွင်၊ သူမ၏ သမီးငါးဦးကို အနားသို့ခေါ်လျက် သခင်ခရစ်တော်၏ ဒဏ်ရာတော် ငါးချက်မှ တစ်ခုစီကို သူမတို့အား အပ်နှင်းခဲ့သည်ဟုဆိုကြသည်။ Veronica သည် သခင်ခရစ်တော်၏ နှလုံးတော်ရှိ ဒဏ်ရာတော်ကို အပ်နှင်းခံခဲ့ရလေသည်။ သူမ၏ အသက် ၁၇ နှစ်တွင် Veronica သည် Poor Clares သီလရှင်အသင်းဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။ သူမ၏ဖခင်က သူမကို အိမ်ထောင်ပြုစေလိုသော်လည်း သူမ၏ခွင့်ပန်မှုကြောင့် သီလရှင်ဖြစ်ရန် ခွင့်ပြုခဲ့လေသည်။ ရသေ့ကျောင်းကို ရောက်ရှိသော ပထမနှစ်များတွင် မီးဖိုချောင်အလုပ်များ၊ ဆေးရုံများနှင့် ဘုရားကျောင်းတွင် လုပ်ကိုင်ခဲ့ရပြီး၊ အသက် ၃၄ နှစ်အရွယ်တွင် သူမသည် သီလရှင်အလောင်း ဆရာမ အဖြစ် (၂၂) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ သူမ၏ အသက် ၃၇ နှစ်တွင် သခင်ခရစ်တော်၏ ဒဏ်ရာတော် အမှတ်အသားကို ရရှိခဲ့လေသည်။ ထိုနောက်ပိုင်းတွင် သူမ၏ဘဝသည် ခြားနားသွားလေသည်။ ရောမမြို့ရှိ အသင်းတော်၏ အာဏာပိုင်များသည် Veronica ၏ အဖြစ်အခြေအနေသည် မှန်ကန်မှုရှိမရှိကို စမ်းသပ်လိုသောကြောင့် စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်ခဲ့သည်။ သူမသည် သီလရှင်လောင်းဆရာမအဖြစ်မှ ခေတ္တရပ်ဆိုင်းခံခဲ့ရပြီး တနင်္ဂနွေနေ့များနှင့် သန့်ရှင်းသောပွဲတော်နေ့များ မှလွဲ၍ မစ္ဆားတရားတော် သို့တက်ရောက်ခွင့်မရခဲ့ပါ။ ဤစုံစမ်းစစ်ဆေးမှု ဖြစ်စဉ်အားလုံးသည် သူမကို နာကျည်း ခါးသီးမှုမဖြစ်စေခဲ့ဘဲ နောက်ဆုံးတွင် သူမကို သီလရှင်လောင်းဆရာမအဖြစ် ပြန်လည်ထားရှိခဲ့သည်။ သူမသည် ကန့်ကွက်ညင်းဆန်ခဲ့သော်လည်း သူမ၏အသက် (၅၆) နှစ်တွင် သီလရှင်တို့၏အကြီးအကဲ ကျောင်းအုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုတာဝန်ကို သူမ မသေဆုံးမီတိုင်အောင် ၁၁ နှစ်ကြာထမ်းဆောင်ခဲ့သည်။ သူမ၏ ဘဝအသက်တာ တစ်လျှောက်လုံးတွင် အလွန်သန့်ရှင်းစင်ကြယ်သော ယေဇူး၏ရွှေနှလုံးတော်နှင့် ကိုတော်ြမတ်စက္ကရမင်တူးကို အထူးသဒ္ဓါြကည်ညိုခဲ့လေသည်။ သူမ ခံထမ်းခဲ့ရသော ဒုက္ခနာကျင်မှုများကို သာသနာအမှုတော်အတွက် ပူဇော်ဆက်ကပ်ခဲ့လေသည်။ ၁၇၂၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ၁၈၃၉ ခုတွင် ရဟန္တာအဖြစ်တင်မြှောက် ခံရလေသည်။ သူမ၏ပွဲနေ့ကို ဇူလိုင်လ (၉)ရက်နေ့တွင် ကျင်းပကြသည်။
ထောက်ရှုချက်။ ။ဘုရားသခင်သည် အစီစီမြို့သားသံဖရန်စစ်နှင့် Veronica Giuliani တို့အား အဘယ်ကြောင့် ဒဏ်ရာတော်များကို ပေးခဲ့သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ အနက်ရှိုင်းဆုံးသော အကြောင်းရင်းများကို သိမြင်လေသည်။ သို့ရာတွင် Celano ထောက်ပြသည့်အတိုင်း လက်ဝါးကပ်တိုင်၏ သင်္ကေတသည် ထိုသန့်ရှင်းသူတို့၏ ဘဝအသက်တာ၌ လက်ဝါးကပ်တိုင်အပေါ်ထားရှိသော ကတိသစ္စာ၏ တည်ကြည်ခိုင်မြဲခြင်းပင်ဖြစ်သည်။ Veronica ၏ အသား၌ စွဲထင်နေသော ဒဏ်ရာတော်များသည် သူမ၏နှလုံး၌ နှစ်ပေါင်းများစွာကပင် အမြစ်တွယ်ခဲ့လေသည်။ သူမသည် ဘုရားသခင်ကိုချစ်မြတ်နိုးခြင်းနှင့် သူမ၏ ညီအစ်မများအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာအတွက် ကောင်းမွန်စွာ နိဂုံးချုပ်ခဲ့လေသည်။
#Sr. Petronilla(SFX)