ဤရဟန္တာများသည် ဧကရာဇ်မင်းကြီးအန်ထော်နီအူးစ် (Antonius) လက်ထက်၊ ရောမမြို့၌ တရားတော်အတွက် အသေခံကြသည်။ ညီအစ်ကို (၇)ယောက်တို့သည် (St. Felicity) စိန့်ဖီလီစီတီ၏သားများဖြစ်ကြသည်။ ညီအစ်ကို (၇)ယောက်တို့ သည် ရောမမြို့ရှိ ဂုဏ်သရေရှိမုဆိုးမ စိန့်ဖီလီစီတီ၏ သားများဖြစ်ကြသည်။ လင်ယောက်ျား သေဆုံးပြီးနောက်ပိုင်းတွင် ဆုတောင်းခြင်း၊ ခြိုးခြံခြင်းနှင့် ကရုဏာလုပ်ငန်းဖြင့် ဘုရားအား အစေခံသူဖြစ်သည်။ သူမ၏ကောင်းသောအကျင့်သီလကြောင့် ဘုရားတရားမရှိသူများနှင့် ရုပ်တု၊ ဆင်းတုကိုးကွယ်သူများသည် အမြင်မှန်ရလာကာ ခရစ်တော်သခင်ကို ယုံကြည်လာကြပြီး ခရစ်ယာန်ဖြစ်လာကြသည်။ ထို့ကြောင့် ရုပ်တုဆင်းတု ကိုးကွယ်သူများ၏ခေါင်းဆောင်များကို ဒေါသဖြစ်စေလေသည်။ ဧကရာဇ်မင်းကြီးထံသို့ စိန့်ဖီလီစီတီ၏ကောင်းသော စံနမူနာကြောင့် ခရစ်ယာန်ဘာသာထဲသို့ ပြောင်းသွားကြကြောင်း တိုင်ကြားကြ၏။ ဤကဲ့ဖြင့် ဧကရာဇ်မင်းကြီးတို့သည် ဘုရားကိုဆန့်ကျင်သောကြောင့် စိန့်ဖီလီစီတီနှင့် သားများကို အရေးယူအပြစ်ပေးသင့်ကြောင်း ပြောကြသည်။ သားများကိုလည်း ယဇ်ပူဇော်ရန် ယဇ်ကောင်အဖြစ် အပြစ်ပေးသင့်ကြောင်းအကြံပေးကြသည်။ သူမသည် သားသမီးအပေါ် ကြင်နာမှု မရှိသောမိခင်ဖြစ်နိုင်သည်။ စိန့်ဖီလီစီတီသည် သားများထံလှည့်ကြည့်၍ ငါ့သားများ ကောင်းကင်ပေါ်သို့ မော်ကြည့်ကြပါ။ ခရစ်တော်ယေဇူးနှင့် ရဟန္တာများက သင်တို့အားမျှော်လင့်နေကြသည်။ သစ္စာရှိကြပါ။ ဘုရားကိုချစ်ကြပါ။ သင်တို့၏ယုံကြည်ခြင်းအတွက် ရဲရင့်စွာတိုက်ပွဲဝင်ကြပါဟု အားပေးစကားပြောလေ၏။ Publius (ပါဘလီအစ်)သည် ဒေါသအမျက်ထွက်၍ ဖီလီစီတီအား ရိုက်နှက်စေသည်။ သူ၏သားများကိုလည်း တစ်ယောက်ပြီးတစ်ယောက် ဖြားယောင်းသွေးဆောင်ခဲ့သည်။ သို့သော်လည်း အောင်မြင်မှုမရသောကြောင့် ကြမ်းတမ်းရက်စက်စွာရိုက်နှက်စေ၍ အကျဉ်းချကြကာ ဧကရာဇ်မင်းကြီးထံသို့ ပို့ကြသည်။ ဧကရာဇ်မင်းကြီးက ခုံရုံးတစ်ခုစီတွင် လူခွဲကာ တရားစီရင်၍ သေဒဏ်ပေးလိုက်သည်။ ဇန်နဝါရီအူစ်ကို ကြိမ်ဖြင့် သေသည်အထိရိုက်စေပြီး၊ ဖေးလိစ်နှင့်ဖိလစ် (Felix and Pilip) တို့ကို သေသည်အထိ လက်နှင့်ရိုက်ပုတ်စေသည်။ စီလ်ဗာနုစ် (Sylvanus) ကိုမူ ချောက်ကမ်းပါးသိုဇောက်ထိုးတွန်းချကြသည်။ အငယ်သုံးယောက် အလက်ဇန်းဒါး၊ ဗက်တာလီစ်နှင့် မာရှက်လ်ကိုလည်းခေါင်းဖြတ်သတ်ကြသည်။ နောက် (၄)လခန့်ကြာသောအခါ မိခင်ဖီလီစီတီကိုလည်း ၎င်းတို့၏တရားတော်အတွက် အသေသတ်လိုက်ကြသည်။
Reflection -
"Life passes so quickly that we ought to think more of how to die than how to live". (St. Theresa of Avila)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)