စိန့်ဟင်နရီ၏ မိဘနှစ်ပါးစလုံးသည် ချာလ်လက်မာနယ် (Charlemagne) မျိုးမှ ဆင်းသက်လာသူဖြစ်သည်။ ဟင်နရီသည် ငယ်ရွယ်စဉ်ကစပြီး ရဟန်းဘုန်းကြီးဖြစ်ရန် ရည်ရွယ်ချက်ရှိသည်။ သူ၏ပညာရေးမှာလည်း St. Wolfgang အမည်ရှိ ဆရာတော်ထံမှရရှိသည်။ နိုင်ငံရေး ပြဿနာကြောင့် Bavaia သို့ ပြန်လာရသည်။ သူ၏ဖခင် ဂျာမနီဘုရင် Duke Henry ရောမဧကရာဇ်မင်း သေဆုံးသွားသောအခါ သူ၏ဇာတိမြို့ သို့ ပြန်လာသည်။ သူသည် St. Cunegundis နှင့် လက်ထပ်သော်လည်း ကလေးမရဘဲ နေကြသည်။ သူ၏ပစ္စည်းဥစ္စာများကိုလည်း အသင်းတော်အားအပ်ထားသည်။ သူသည် ဘုရားအတွက် အမှုထမ်းရန် ဆန္ဒရှိသည်။ သူသည် အနောက်ဂျာမနီ Bamberg တွင် ခရစ်ယာန်တို့၏ ထုံးစံနှင့်အညီ ရသေ့ဗဟိုဌာနကို တည်ထောင်ရန်ကြိုးစားသည်။ ဘုရားတရား ကြည်ညိုသူဖြစ်သည်အတိုင်း ရသေ့ဘဝကိုလည်း အလွန်နှစ်သက်သည်။ အသင်းတော်၏ ရသေ့များကို ပြန်လည်ပြုပြင်၍ စည်းကမ်းစနစ်တကျရှိရန် ကြိုးစားသည်။ သူ၏စွမ်းဆောင်မှုသည် ထင်ရှားလာသည်။ တရားမျှတ၍ ခရစ်ယာန်မေတ္တာတရားအဖြစ် ထင်ရှားကျော်ကြားလာသည်။ စိန့်ဟင်နရီအား ဘက်နဒစ်တင်းရသေ့ဂိုဏ်း၏ ကိုးစားရာ ရဟန္တာကြီးအဖြစ် ကြေညာကြသည်။
Reflection -
"The Lord has given me a tongue for my reward, and with it, I will praise him". (Eccl 51:30)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)