ကာမီလူး(စ်)သည် သူ၏မိဘနှစ်ပါးသေဆုံးပြီးနောက် သူ၏ပညာရေးနှင့် ဝိညာဉ်ရေးအတွက် ရပ်တည်နိုင်ရန် အလွန်လိုအပ်လာသည်။ သူသည်စစ်တပ်ထဲသို့ဝင်၍ လောင်းကစားလုပ်သူများက သူ၏အမွေပစ္စည်းများကို လုယူသွားကြသည်။ သူ၏ခြေထောက်တွင် အနာရောဂါ ဖြစ်ပွားသည့်အတွက် စစ်တပ်မှထွက်ခွာခဲ့ရသည်။ ထို့ကြောင့် ရောမမြို့ ဆေးရုံတွင်အမှုထမ်းရန် ကြိုးစား၍ဝင်ခဲ့သည်။ သို့သော် သူသည် လောင်းကစားလုပ်သူများနှင့် စကားများ၍ ဒေါသကိုမထိန်းနိုင်သောကြောင့် ဆေးရုံ၌အလုပ်မရဘဲနေရသည်။ နှစ်ပေါင်းများစွာကြာလာသောအခါ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲ၍ အသောက်အစား၊ လောင်းကစားတို့ကိုစွန့်၍ ကြိုးစားကာနောင်တရယူခဲ့သည်။ အလုပ်မရသောသူများကို ရောမမြို့ဆေးရုံတွင် လုပ်ကိုင်စေသည်။ ထိုအချိန်တွင် သူသည် အသက်(၂၆)နှစ်သာ ရှိသေးသည်။ မိမိကိုယ်ကို စွန့်လွှတ်ကာ သေခါနီး ပုဂ္ဂိုလ်များ၊ လူနာများကို အချိန်ပြည့်ကြည့်ရှုရသည်။ လူတိုင်းက သူ၏လုပ်ဆောင်ချက်ကို အသိအမှတ်ပြု လက်ခံလာကြသည်။ (၄)နှစ်လုပ်ပြီးသောအခါ သူ၏မိတ်ဆွေစိန့်ဖိလစ်နေရီသည် ၎င်းကျောင်း၏ ဝိညာဉ်လမ်းညွှန်ဖြစ်လာသည်။ အသက်(၃၂)ရှိသောအခါ သူ၏လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရန် လက်တင်ဘာသာကို သင်ယူခဲ့သည်။ (၂)နှစ်ခန့် သင်ယူပြီးသောအခါ ရဟန်းသိက္ခာကိုခံယူသည်။ ကာမီလူး(စ်)သည် လူနာများ ကြည်ရှုသော အသင်းဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့သည်။ ၎င်းကိုတိုးချဲ့ကြ၍ "THE FATHERS OF THE GOOD DEATH OR CAMILLIANS ဟုခေါ်ကြသည်။ စိန့်ကာမီလူး(စ်)သည် အသက်(၄၆)နှစ်အထိ မိမိ၏အနာဟောင်းက ဒုက္ခပေးခဲ့သည်။ ဤကဲ့သို့သော ဒုက္ခသည် ဒုက္ခိတအားလုံး၏နာကျင်မှုများကို ဝေမျှခံထမ်းရန်ဖြစ်လာသည်။ ၎င်းဒုက္ခသည် သူ့အား မပင်ပန်း၊ မထိခိုက်စေပါ။ အတတ်နိုင်ဆုံး ကုတင်တစ်ခုပြီးတစ်ခု သွားပြီးစိတ်ရှည်သည်းခံစွာ ဆက်ကပ်လုပ်ဆောင်ခဲ့သည်။ ဝိညာဉ်ကျေးဇူး ခွန်အားကြောင့် သူအားရင့်ကျက်မှုကို ဖြစ်လာစေသည်။ အသက်(၆၄) နှစ်တွင် "ယေဇူး၊ မာရီယား”ဟု ရွတ်ဆိုရင်း အသက်ထွက်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီး လေအို(၁၃)က စိန့်ကာမီလူးစ်အား လူနာများနှင့် သူနာပြုဆရာ/မများ၏ ကိုးစားရာဖြစ်ကြောင်း ကြေညာခဲ့သည်။
Reflection -
"O Lord, I confess I am the most wretched of sinners, most undeserving of your favors; but save me by your infinite mercy." (St. Camillus de lellis)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)