Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#15 JUILY #ST. BONAVENTURE, Bishop Confessor, Doctor of the Church (1221 - 1274) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

ဂျွန်ဖီဒါယခေါ် (ဘောနာဗင်ချာ)သည် အသက် ()နှစ်အရွယ်တွင် စိန်ဖရန်စစ် (အစီစီ) ဆုတောင်းပေးခြင်းကြောင့် ဖျားနာခြင်းရောဂါမှ ပျောက်ကင်း ခဲ့သည်။ အသက်(၁၇)နှစ်တွင် Franciscan ဘုန်းတော်ကြီးဂိုဏ်းသို့ဝင်သည်။ Paris မြို့ရှိ (Franciscan) ဖရန်စစ်ကန်ကျောင်းတွင် ပညာပြည့်စုံအောင် သင်ယူခဲ့သည်။ သူကိုယ်တိုင်လည်း ၎င်းကျောင်းတွင် စာချဘုန်းတော်ကြီးအဖြစ် ()နှစ်လုပ်ခဲ့သည်။ ၁၂၅၇-ခုနှစ်တွင် သူငယ်ချင်း Thomas quias နှင့်အတူ Doctorate ဘွဲ့ကိုရရှိကြသည်။ အသက်(၃၆)နှစ်တွင် သူတို့ဂိုဏ်း၏ (Generalship of his orders) ဂိုဏ်း၏ အကြီးအကဲကွပ်ကဲသူအဖြစ် ရွေးချယ်ခြင်းခံရသည်။ သူ၏တာဝန်ကို (၁၆)နှစ်တိုင် ကြိုးစားလုပ်ဆောင်၍ အခက်အခဲပေါင်းများကို ကျော်လွှားခဲ့သည်။ အသင်းဂိုဏ်းတည်ထောင်သူ ဖရန်စစ်၏ ဝိညာဉ်ရေးဆိုင်ရာကို တင်းကြပ်စွာ လိုက်နာဆောင်ရွက်ခြင်း ဥပဒေနှင့် အနည်းငယ်လျော့ပေါ့၍ သက်သာစေရန် ဥပဒေများကို သေချာစဉ်းစား၍ အားလုံးအတွက်အကျိုးရှိမည့် အလယ်အလတ် နည်းဥပဒေသများကို တည်ထောင်ပေးသည်။ ထို့ကြောင့် သူ့ကို ဒုတိယဂိုဏ်း တည်ထောင်သူဟုခေါ်ကြသည်။ ၁၂၆၃- ခုနှစ်တွင် စိန်ဘောနာဗင်ချာသည် ညပိုင်းရောက်ပါက ခေါင်းလောင်းတီး၍ အားလုံး ဘုရားသခင်က မယ်တော်အား အမိန့်တော်ပြန်ခြင်းကို ဆုတောင်း၍ စိတ်ပုတီးစပ်ရာတွင်သုံးသော ဂုဏ်ကျေးဇူးတော် မေတ္တာကိုရွတ်ဆိုစေပါသည်။ ထို့ကြောင့် ယုံကြည်စွာနှင့် ၎င်းမေတ္တာကိုရွတ်ဆိုကြသည့်နှင့်အတူ ညအချိန်ရောက်တိုင်း ဆုတောင်းလေ့ရှိကြသည်။ (Angelus) အန်ဂျေလူးစ်မေတ္တာသည် ၎င်းတို့မှအစပြုလာခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ရောမမြို့တော်၌ မယ်တော်ကို ဂုဏ်ပြုသောအားဖြင့် စိန့်ဘောနာဗင်ချာသည် ဘုရားကျောင်းတစ်ဆောင် ဆောက်လုပ်ခဲ့သည်။ သူ့ သူငယ်ချင်း ဖြစ်သော ပြင်သစ်ဘုရင် စိန်လူဝီဒ်(Louis) က ဘောနာဗင်ချာအား The office of the passion' ဒုက္ခစရိယာမေတ္တာကို တီထွင်စပ်ဆိုရန် တောင်းဆိုခဲ့သည်။ ၁၂၆၅-ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးသည် စိန့်ဘောနာဗင်မျာအား ယောခ် (York) မြို့ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ဖြစ်စေချင်ခဲ့သော်လည်း သူကခွင့်လွှတ်ပါရန် တောင်းဆိုခဲ့သည်။ ()နှစ်ကြာသောအခါ အာလ်ဘားနို (Albarno) ကာဒီနယ်ဖြစ်လာသည်။ ရဟန်းမင်းကြီး၏ တိတ်တဆိတ် စေလွှတ်သော တမန်တော် ဖလောရင်း (Florence) သည် ရသေ့ကျောင်းသို့ ရောက်လာသောအချိန်တွင် စိန်ဘောနာဗင်ချာကိုယ်တိုင် ပန်းကန် ဆေးကြော နေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ကာဒီနယ် (Cardinal) ဦးထုပ်ဆောင်းရန် ပန်းကန်ဆေးမပြီးမချင်း စောင့်နေရသည်။ ၁၂၇၄- ခုနှစ်တွင် (၁၄)ကြိမ်မြောက် Ecumerical Council tm; Lyon မြို့တွင်ကျင်းပရန်အတွက် ပြင်ဆင်ရန် ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၁ဝ)က သူအားတာဝန်ပေးသည်။ သို့သော် ၎င်း Ecuenical Council မပြီးခင်တွင် စိန်ဘောနာဗင်ချာ ပျံလွန်တော်မူသည်။ St. Thomas Aquina သွန်သင်ရေးသားရာတွင် သဒ္ဓါကြည်ညို ရိုသေရန် ကိုယ်စိတ်နှစ်ပါးအား နွေးထွေးစွာနှိုးဆော်၍ ကျင့်ရန်လိုသည်။ နက်နဲရာ အချက်များကို ရေးသားရာတွင် စိန်ဘားနဒ်နှင့် ပုပ်ရဟန်းမင်းကြီး လေအို(၁၃)တို့က သူ့အား The Prince of the Mystics ဟု ခေါ်ကြသည်။ စိန့်ဘောနာဗင်ချာသည် နက်နဲရာအချက်များကို ရှင်းလင်းခြင်း၊ ယုံကြည်ရာအချက်များကို ကြွယ်ဝသောစကားလုံးများဖြင့် ရေးသားဖော်ပြခဲ့သည်။ အသက် (၂၇)နှစ်တွင် ရေးသားခဲ့သော စာမျက်နှာ (၄၀၀၀) ပါသော Theology စာအုပ်သည် နာမည်ကျော်ကြားသည်။ စိန်ဖရန်စစ်၏ ဘဝဖြစ်စဉ်အား သန့်ရှင်းသောပုဂ္ဂိုလ်၏ စံနမူနာကိုဖော်ပြကြောင်း တွေ့ရသည်။ စိန်ဘောနာဗင်ချာသည် တရားဟောရာတွင် ဘုန်းတော်ကြီးများနှင့်ဆိုင်သော၊ လူသားအားလုံးနှင့်ဆိုင်သော အကြောင်းအရာများ စသည်များကို နှုတ်ကပတ်တော်ဖွင့်ဆိုချက်အတိုင်း ဟောပြောလေ့ရှိသည်။

Reflection -

"The best perfection of a religious man is to do common things in a perfect manner". (St. Bonaventure)

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ