Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#16th July #Our Lady of Mount Carmel #ကာမယ်တောင်မယ်တော်သခင်မ Posted by M Sulatthtwe

 

၁၂ ရာစုတွင် အီစရေး မြောက်ပိုင်းရှိ ဧလိယ၏စမ်းအိုင်နားအနီး ကာမယ်လ်တောင်ပေါ်တွင် ရသေ့များနေထိုင်ကြသည်။ ထိုနေရာတွင် မယ်တော်သခင်မအား အပ်နှံထားသော ဘုရားရှိခိုးကျောင်းတစ်ကျောင်းရှိခဲ့သည်။ ၁၃ ရာစု ရောက်သောအခါ ထိုနေရာရှိ ရသေ့များကို ကာမယ်လ်တောင် မယ်တော်၏ ညီအစ်ကိုများ ဟုလူသိများလာခဲ့သည်။ မကြာခင်တွင် သူတို့သည် မယ်တော်ကိုဂုဏ်ပြုသော အထူးဆုတောင်းပွဲနှင့် မစ္ဆားတရားတော်မြတ်ကို ခမ်းနားစွာ ကျင်းပကြသည်။ ၁၇၂၆ ခုနှစ်တွင် ကာမယ်လ်တောင် မယ်တော်သခင်မ၏ ပွဲတော်ကို အမိအသင်းတော်ကြီး တစ်ခုလုံး၌ ကျင်းပလာခဲ့ကြလေသည်။ ကာမယ်လ် အသင်းသားတို့သည် ရာစုနှစ်များစွာကတည်းက မယ်တော်နှင့် အထူးအကျွမ်းတဝင် ဖြစ်လျက်ရှိသည်ဟု သူတို့ကိုယ်ကို ရှုမြင်ခဲ့ကြသည်။ သူတို့၏ ရဟန္တာကြီးများနှင့် ဘာသာရေးပညာရှင်များက သူမအပေါ် သဒ္ဓါကြည်ညိုခြင်းကို တိုးပွါးစေခဲ့ပြီး သူမ၏ စင်ကြယ်သော အပြစ်မဲ့သန္ဓေယူခြင်း၏ နက်နဲသောအရာအချက်ကို လက်ခံယုံကြည်ကြသည်။ Avila မှစိန့်ထရီဇာသည် ကာမယ်လ်ကို ကညာစင် ဟုခေါ်ခဲ့သည်။ လက်ဝါးကပ်တိုင်မှ စိန့်ဂျွန်ကလည်း သူ၏ ကလေးဘဝ၌ ရေနစ်ရာမှ သူ့ကိုကယ်တင်ပေးခဲ့ခြင်း၊ ကာမယ်လ်မြို့သို့ခေါ်ဆောင်ခဲ့ခြင်းနှင့် ထောင်မှလွတ်မြောက်အောင် ကူညီပေးခဲ့ခြင်းတို့ကြောင့် မယ်တော်မာရီးယားအား ကြီးစွာဂုဏ်ပြုကြည်ညိုခဲ့လေသည်။ သူငယ်တော်ယေဇူးလေး၏ စိန့်ထရေဇားလေးကလည်း မယ်တော်မာရီးယားသည် သူမကို ဖျားနာမှုမှ ကုသပေးခဲ့သည် ဟု ယုံကြည်ခဲ့သည်။ ပထမကိုယ်တော်မြတ်ခံယူသောနေ့၌ ထရေဇားကလေးသည် သူမ၏ဘဝကို မယ်တော်မာရီးယားထံ အပ်နှံခဲ့သည်။ သူမဘဝ၏ နောက်ဆုံးရက်များ၌ မယ်တော်မာရီးယားအကြောင်း မကြာခဏပြောခဲ့လေသည်။ သမိုင်းချည်းမဖြစ်နိုင်သော တကယ့်အဖြစ်အပျက်တစ်ခုရှိခဲ့သည်။ မယ်တော်သခင်မသည် ကာမယ်လိုက် အသင်းဂိုဏ်းအား ဦးဆောင်သူ စိန့်စိုင်မွန်စတော့ခ်အား အားထင်ရှားပြကာ အညိုရောင်စကာပူလာ တစ်ခုကိုပေးပြီး သူမအားသဒ္ဓါကြည်ညိုခြင်း ပိုမိုလုပ်ဆောင်ရန်ပြောခဲ့သည်။ ထို scapular သည် မယ်တော်သခင်မ၏ ကိုယ်ပိုင်အဝတ်ဖြင့် ပြုလုပ်ထားလေသည်။ ၎င်းသည် သူမ၏ အထူးအကာအကွယ်ကို ကိုယ်စားပြုပြီး ၎င်းကိုဆင်မြန်းသူသည် မိမိကိုယ်ကို မယ်တော်သခင်မထံ ဆက်ကပ်အပ်နှံထားသည့် သဘောပင်ဖြစ်လေသည်။ ဤစကာပူလာသည် ဧဝံဂေလိတရားတော်မှ ကျွန်ုပ်တို့အား ဆုတောင်းခြင်းနှင့် နောင်တယူခြင်းကို လုပ်ဆောင်ကြရန် တောင်းဆိုနေသည်ကို မယ်တော်သည် ဤနည်းအားဖြင့် သတိပေးနှိုးဆော်လေသည်။

ထောက်ရှုချက် - ကာမယ်လိုက်များကို ကနဦးက ကာမယ်လ် သခင်မ၏ ညီအစ်ကိုများ အဖြစ်လူသိများသည်။ သို့သော် သူတို့သည် မယ်တော်သခင်မကို မိခင်အဖြစ်သာ ရှုမြင်သည်မဟုတ်ဘဲ ညီအစ်မတစ်ဦးအဖြစ် ကဲ့သို့လည်း ရှုမြင်ခဲ့သည်ဟု ဖော်ပြလေသည်။ ညီအစ်မဟူသော စကားလုံးအရ မာရီးယားသည် ကျွန်ုပ်တို့နှင့် အလွန်ရင်းနှီးကြောင်းကိုလည်း သတိရစေလေသည်။ သူသည် ဘုရားသခင်၏ သမီးတော်ဖြစ်ပြီး ဘုရားသခင်၏ သားသမီးများဖြစ်ရန် ကျွန်ုပ်တို့အား ကူညီနိုင်လေသည်။ တစ်ယောက်နှင့် တစ်ယောက်သည် ညီအစ်ကိုမောင်နှမများသဖွယ် ချစ်ခင်လေးမြတ်ခြင်းတိုးပွါး လာအောင်လည်း သူမကူညီပေးနိုင်လေသည်။ လူသားအားလုံးသည် ဘုရားသခင်၏ မိသားစုနှင့်သက်ဆိုင်သည်ကို သူမက ကျွန်ုပ်တို့အားသိမြင်စေသည်။ ထိုသို့ယုံကြည်မှု တိုးများလာသည်နှင့်အမျှ လူသားမျိုးနွယ်သည် ငြိမ်းချမ်းရေးအတွက် နည်းလမ်းများရှာဖွေတွေ့ရှိ နိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။

#OurLadyofMountCarmel

#FranciscanMedia

#Sr.Petronilla(SFX)

ရဟႏာၱ