Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#16 JUILY #OUR LADY OF MOUNT CARMEL #ကာမယ်လ်တောင်မယ်တော်တော်သခင်မ #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

စိန်ဆိုင်မွန်စတော့ခ်သည် ကာမယ်လိုက်စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာသော (Carmelites order) အသင်းဂိုဏ်းဖြစ်သည်။ သူသည် ၎င်းဂိုဏ်းအား ကာကွယ်စောင့်ရှောက်ရန် မယ်တော်သခင်မအား တောင်းလျှောက်ခဲ့သည်။ ၁၂၅၁-ခုနှစ်တွင် မယ်တော်သည် သူ့ထံသို့ ပေါ်လာ၍ Scapular (brown color) အညိုရောင်စကာပူလာကို ပေးအပ်လိုက်သည်။ မယ်တော်ထင်ရှားပြသော နေရာသည် အင်္ဂလန်ပြည် ကင်မ်ဘရစ်မြို့ တွင်ဖြစ်သည်။ စကာပူလာကို ယုံကြည်ကြည်ညိုစွာကိုင်ဆောင်သူ၊ ဆွဲသူသည် နောက်ဆုံးသောနေ့၌ သူ့အားကာကွယ်မည်။ ကောင်းသောသေခြင်းနှင့် သေရမည် ဟုကတိပေးခဲ့သည်။ ထို့ကြောင့် ကာမယ်လိုက်အသင်းဂိုဏ်းတွင် ရှေးရသေ့များကျင့်စဉ် ပါလက်စတိုင်းရှိ ကာမယ်လိုက်ရသေ့များကို အတုယူကြသည်။ (၁၃)ရာစုတွင် လူများကို အကြောင်းမဲ့ သတ်ဖြတ်သူတို့ရန်ကြောင့် ဥရောပသို့ထွက်ပြေး တိမ်းရှောင်ကြသည်။ ထို့ကြောင့် စုပေါင်းအတူနေထိုင်သော ဘဝသို့ ပြုပြင်ပြောင်းလဲ၍ အစာရှောင်ခြင်း၊ တိတ်ဆိတ်စွာ ဆုတောင်းခြင်းအဖြစ်သို့ ပြောင်းလဲလာကြသည်။ ၁၆-ရာစု စိန်ထရေဇား (အဗီလာ) နှင့် ကားတိုင်တော်၏စိန့်ဂျွန်း (St. Theresa of Avila and St. John of the Cross) က ပုပ်ရဟန်းမင်းကြီး ယူဂျင်း() စည်းမျဉ်းဥပဒေအတိုင်း ပြုပြင်ပြောင်းလဲကြသည်။ ၁၂၀၆- ခုနှစ်တွင် စိန် Albert က ဆက်လက်ပြုပြင် ပြောင်းလဲသော ကာမယ်လိုက် အသင်းဂိုဏ်းဖြစ်လာသည်။

Reflection - "Oh how long since would the world have been destroyed, had not many sustained it by her powerful intercession". (St. Fulgentius)

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ