Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#17 July #Anastpaul.com #Saint Alexius of Rome – (Died early 5th Century) “the Man of God” Posted by M Sulatthtwe

စိန့်အလက်စီအုစ်သည် ရောမတွင်မွေးဖွားခဲ့ပြီး စတုတ္ထရာစုနှစ်တွင် ရောမမှူးမတ်များအကြားတွင် ကြွယ်ဝချမ်းသာပြီး၊ ထင်ရှားကျော်ကြားသော မိဘများ၏ တစ်ဦးတည်းသောသား ဖြစ်သည်။ အထူးသဖြင့် သူတို့၏ရက်ရောစွာ ပေးကမ်းလှူဒါန်းခြင်းများအတွက် လူသိများကြသည်။ ဘုရားဖူးများ၊ ဆင်းရဲသားများ၊ ဖျားနာသူများကို လာရောက်ကူညီ သူများအတွက် နေ့စဥ်နေ့တိုင်းစားပွဲကြီး ခုကို ပြင်ဆင်ထားရသည်။ သူတို့၏ ဆုတောင်းခြင်းအသီးအပွင့်မှ ဖြစ်ပေါ်လာသော ချစ်လှစွာသော တစ်ဦးတည်းသောသားအား မြင့်မြတ်သောမိသားစု အသိုင်းအဝိုင်းမှ မွေးဖွားလာသော မိန်းမငယ်ကလေးတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ပေးခဲ့သည်။ သို့သော်သူတို့၏ မင်္ဂလာဆောင်သောညတွင် ဘုရားသခင်ထံမှ နှိုးဆော်ခြင်း ခံရသောကြောင့် အလက်စီအုစ်သည် ဘုရားသခင်တစ်ဦးတည်းကိုသာ အစေခံရန်ဆုံးဖြတ်ကာ ရောမမြို့မှတိတ်တဆိတ် ထွက်ခွါခဲ့သည်။ သူသည် ဝေးလံသော အရှေ့အရပ်ဘက်ရှိ Edessa သို့သွားခဲ့ပြီး သူနှင့်အတူ ယူဆောင်လာသမျှ အရာအားလုံးကို ပေးကမ်းဝေမျှခဲ့သည်။ ထိုမြို့ရှိ ကျွန်ုပ်တို့၏သခင်မ အမည်ရှိ ဘုရားကျောင်း တံခါးဝ၌ သူတပါးစွန့်ကြဲသော အစာများကို တောင်းရမ်း စားသောက်ရခြင်းကြောင့် ပျော်ရွှင်ခဲ့ရသည်။ သူ၏မိသားစုသည် သူ၏ပျောက်ကွယ်သွားခြင်း၏ လျှို့ဝှက်ချက်ကို နားမလည်နိုင်တော့ပါ။ သို့မဟုတ် ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ခေါ်ဆောင်သွားသည်ဆိုပါက နှစ်သိမ့်မှုခံကို စားရပေအုံးမည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် လွန်စွာ ဝမ်းနည်းပူဆွေး နေကြရလေသည်။ စိန့်အလက်စီအုစ်၏ အိမ်မှအစေခံများတို့သည် သူ့ကိုရှာဖွေရန် ဖခင်ကစေလွှတ်လိုက်သော်လည်း အက်ဒက်စာ (Edessa)သို့ ရောက်လာကြသောအခါ ကျွန်ုပ်တို့၏သခင်မ ဘုရားကျောင်းတံခါးဝနားတွင် တောင်းရမ်းနေသော ဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲခဲ့သော်လည်း အလက်စီအုစ်ကို မမှတ်မိခဲ့ကြပေ။ ထိုအခါ ဘုရားသခင်၏လူ The man of Godက ဝမ်းမြောက်စွာဖြင့် အို သခင်၊ ကိုယ်တော်သည် ကျွန်ုပ်ကိုခေါ် တော်မူ၍။ ကျွန်ုပ်၏ အစေခံများ၏လက်မှ ဆွမ်းခံခွင့်ကို ပြုခဲ့သည့်အတွက် ကျေးဇူးတင်ပါ၏သခင်။ သင်အစပြုခဲ့သောအမှုကို ပြီးပြည့်စုံစေတော်မူပါ။ ဟုဆုတောင်းလေ၏။ ထိုဘုရားရှိခိုးကျောင်းတွင် ၁၇ နှစ်ကြာခဲ့ပြီးနောက် ကညာစင် မိခင်မာရီးယားသည် သူ၏သန့်ရှင်းမြင့်မြတ်မှုကို အံ့သြဖွယ်ရာတန်ခိုးတော်ဖြင့် အသိအမှတ်ပြုပေးသည်မှာ သူမသည် ဘုရားရှိခိုးကျောင်းမှ အရာရှိတစ်ဦးအား သူမ၏ ပုံစံဖြင့်သွားရောက် စကားပြောသောအခါ စိန့်အလက်စီအုစ်သည် အမှောင်ထုထဲသို့ ထပ်မံ၍ ထွက်ပြေးသွားပြန်လေသည်။ Edessa မှ တာရှုမြို့သို့ သွားသောလမ်းခရီးကို ဆန့်ကျင်လျက် လေပြင်းတစ်ခုသည် သူ၏သင်္ဘောကို ရောမမြို့၊ သူ၏မိဘများထံသို့ ပြန်လည်ပို့ဆောင်ခဲ့လေသည်။ ရောမရှိအမြင့်မြတ်ဆုံးသော အိမ်တော်၌ အမွေဆက်ခံရသူ၊ ဤဖြူဖတ်ဖြူရော်၊ ညစ်ပတ်နံစော်နေသော သူတောင်းစားကို မည်သူမျှသတိမထားမိကြပေ။ သူ့အားပေးကမ်းစွန့်ကြဲနေသော သူ၏ဖခင်နှင့်တကွ သူ့အားရှာဖွေရန် စေလွတ်လိုက်သော အစေခံများသည်လည်း သူ့ကိုသတိမထားမိကြပေ။ စိန့်အလက်စီအုစ်သည် သူ့အား လှေခါးထစ်ခြေရင်းတွင် နေရာတစ်နေရာစာပေးရန်နှင့် သူတို့၏စားပွဲမှ စားသော စားကြွင်းစားကျန်များကို စွန့်ကြဲပါရန် သူ့မိဘတို့အား တောင်းခံလေ၏။ ထိုနေရာတွင် သူသည် နောက်ထပ် ၁၇ နှစ်ကြာသည်အထိ မိမိ၏ အစေခံများ လှောင်ပြောင်သရော်ခြင်းကိုခံကာ သူ့မိဘနှင့်သူ့ဇနီးသည်တို့၏ နာကျင်ပူဆွေးခြင်း ဝေဒနာကို နေ့စဉ်နှင့်အမျှ ကိုယ်တိုင် တွေ့ ကြုံ မြင်တွေ့ခဲ့ရလေသည်။ နောက်ဆုံးတွင် သေခြင်းတရားက အဆုံးသတ်လိုက်သည့်အချိန်ရောက်မှ ဒီလိုခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းရခဲ့ရတဲ့ ဘဝအသက်တာကို မည်သူမျှမသိဘဲ လစ်လျူရှုထားခဲ့သူသည် သူတို့၏ ချစ်လှစွာသော တစ်ဦးတည်းသော သားကလေး ဖြစ်နေခဲ့ကြောင်း သိလိုက်ရသည့် အချိန်သည် နေက်ကျခဲ့လေပြီ။ ဘယ်သူက သူတို့ထံ ခိုလှုံနေကြတယ်ဆိုတာ မသိဘဲ နေမိခဲ့ကြလေပြီ။ ပုပ်ရဟန်းမင်းကြီး၏ မစ္ဆားတရားတော်မြတ်သို့ တက်ရောက်သူ အားလုံးက အသံတစ်သံကို ကြားခဲ့ကြသည်မှာ ဘုရားသခင်၏လူကိုရှာပါ၊ သူသည်ရောမအတွက် ဆုတောင်းပေးနေလိမ့်မည်။ သခင်ဘုရား၏ မျက်နှာသာပေးခြင်းကို ခံယူရန်အဆင်သင့်ရှိလိမ့်မည်။ သူသည် သောကြာနေ့တွင် သေဆုံးပါလိမ့်မည်။ ဟူသော အသံကိုကြားခဲ့ရလေသည်။ မြို့တော်တစ်ခုလုံးသည် သူတို့မသိသော သူတော်စင်ကိုရှာဖွေရန် အချည်းနှီး ကတိပြုခဲ့ကြလေသည်။ သို့သော်ဘုရားသခင်သည် အလက်စီအုစ်အား မိမိ၏ဘဝဇာတ်ကြောင်းကို ရေးရန်နှင့် လက်မှတ်ထိုးရန် စေခိုင်းခဲ့သည်။ ဤနည်းဖြင့် သူသည် အနားယူနေစဥ် အသက်မရှိတော့ကြောင်း တွေ့ရှိသောအခါ မိမိအစေခံများ၏ အပြစ်မဟုတ်ကြောင်းကို အတည်ပြုပေးခဲ့လေသည်။ ပုပ်ရဟန်းမင်းကြီးသည် စိန့်အလက်စီအုစ်၏ သားရေစက္ကူတွင်ရေးထားသမျှကို ရောမရှိ နေရာတိုင်းတွင် အသံကျယ်စွာဖြင့် လိုက်လံဖတ်ပြပြီး စကားဖြင့် မဖော်ပြနိုင်လောက်အောင် ကြည်ညိုလေးမြတ်စွာဖြင့် ငိုကြွေးခဲ့ရလေသည်။ Alexius ၏ဖခင် Euphemian ၏အိမ်ကိုနောက်ပိုင်းတွင် Saint Alexius နှင့် Saint Boniface တို့ကိုအပ်နှံသော ဘုရားရှိခိုးကျောင်းတစ်ခုအဖြစ် အသွင်ပြောင်းခဲ့သည်။ သူသည် ၁၇ နှစ်တိုင်နေထိုင်ခဲ့သည့် ယဇ်ပလ္လင်တစ်ခု အထက်တွင် ဆိုင်းထားသောလှေကားကို ရှေးဟောင်းအမွေအနှစ် ပစ္စည်းအဖြစ်ထားရှိသည်။ စိန့်အလက်စီအုစ်သည် ရာစုအစတွင်သေဆုံးခဲ့ပြီး ဆုတောင်းခြင်း၏တမန်တော်၊ လျှို့ဝှက်ဆန်းကြယ်သူ၊ သူတောင်းစား၊ ဘုရားသခင်၏လူ၊ သူနာပြုများ၊ ဘုရားဖူးများ၊ ခရီးသွားသူများ အားမိုင်းမသူအဖြစ်လူသိများလေသည်။

#Anastpaul.com

#Saint Alexius of Rome – (Died early 5th Century) “the Man of God”

#Sr.Petronilla(SFX)

ရဟႏာၱ