Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#18 JULY #ST. FREDERICK Bishop and Martyr (AD - 838) စိန်ဖရက်ဒီရိ(ခ်) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

ငယ်ရွယ်သူ ဖရက်ဒီရိ(ခ်) သည် ဦထရီကျောင်းတော်တွင် ရဟန်းများအကြား သန့်ရှင်းခြင်း၊ ကြည်ညိုခြင်းနှင့် ဘာသာတရားဆိုင်ရာကို သင်ယူခဲ့သည်။ ရဟန်းသိက္ခာကို ခံယူခဲ့သည်။ ဆရာတော် (Ricfried) ရီဖရက်၏ သွန်သင်လမ်းညွှန်မှုအားဖြင့် ဘာသာထဲသို့ ဝင်လာခြင်းဖြစ်သည်။ အေဒီ ၈၂၅-ခုနှစ်တွင် ဆရာတော်ရီဖရက်အား ဆက်ခံ၍ ဦထရက် (Utrecht) ဆရာတော်ဖြစ်သည်။ သူသည် သာသနာပြုရန် အမိန့်စာချွန်တော် ထုတ်လိုက်သည်။ (St. Odulf) စိန်အော်ဒါလ်(ဖ်)ကိုစေလွှတ်၍ ဘုရားတရား မယုံကြည် သူတို့အသိုင်းအဝိုင်းများ၌ တရားဟောဝါသနာပါသူများကိုအသုံးချ၍ ချက်ချင်းလက် မနှေးဘဲ အကောင်အထည် ဖော်သည့်အတွက် ဘာသာထဲသို့ လူများစွာသွင်းယူခဲ့သည်။ ရှေးထုံးစဉ်လာအရ စိန့်ဖရက်ဒီရိ(ခ်) အုပ်ချုပ်သော အချိန်တွင် ဧကရာဇ်မင်း လူဝီ(စ်)(Louis)၏ သားသည် ဖခင်နှင့် မိထွေးကြား၌ ပြဿနာပေါင်းစုံနှင့်ကြုံတွေ့ရသည်။ ထို့ကြောင့် မိဖုရားက ဆရာတော်ကို သဘောမကျခဲ့သော်လည်း မိမိ၏လူမှုကျင့်ဝတ် ထိခိုက်မည်ကိုစိုးရိမ်သည်။ အမွေခံဖြစ်သူတစ်ယောက်သည် နှုတ်ကပတ်တော်အား ပိုမိုယုံကြည်၍ သာသနာပြုရန် တာဝန်ယူခဲ့သည်။ အေဒီ ၈၃၈- ခုနှစ်၊ ဇူလိုင်လ(၁၈)နေ့တွင် မစ္ဆားတရားပူဇော်ပြီး ကျေးဇူးတင်ရန် အချိန်ရောက်သောအခါ သူ့ကိုလူနှစ်ယောက်က ချောင်းမြောင်း၍ ဓားဖြင့်ထိုးသတ်ကြသည်။ မိနစ်အနည်းငယ်အတွင်းတွင် ဆာလံကျမ်း- ၁၁၄ ကိုရွတ်ဆိုရင်း ဘုရားသခင်အား ချီးမွမ်းခြင်းဖြင့် အသက်ရှင်သောနိုင်ငံ၌ရှိပါစေ . "I will praise the Lord in the Land of the living" ဟုဆိုကာ အသက်ထွက်သွားသည်။

Reflection -

Whatever is born of God overcomes the world. And this is the victory, which overcomes the world, our faith." (1 Jn 5:4)

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ