Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#19 JULY #STS JUSTA AND RUFINA Virgins [Martyr] (AD - 287) #စိန့်ဂျာ(စ်)တာနှင့် ရူဖီနာ #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

စိန့်ဂျာ(စ်)တာနှင့် ရူဖီနာတို့သည် စပိန်ပြည် စက်ဗီလ်မြို့၏ ခရစ်ယာန်အမျိုး သမီးများဖြစ်ကြသည်။ မြေအိုးမြေခွက်များကိုရောင်းဝယ်ခြင်းဖြင့် အသက်မွေးကြသူများ ဖြစ်ကြသည်။ နတ်ဘုရားနှင့် ပတ်သက်သည့်အရာများကို ရောင်းဝယ်ရန် ငြင်းပယ်ကြသည်။ ထို့ကြောင့် အချို့တို့သည် စိတ်ဆိုး၍ ရောင်းဝယ်ခြင်းကိုဆန့်ကျင်ကြသည်။ သူတို့သည် မှားယွင်းသောဘုရားများကို မကိုးကွယ်ကြောင်း ပြန်လည်ချေပကာ ထိုသူတို့၏ဘုရားပုံများကို လွှင့်ပစ်လိုက်ကြသည်။ ထိုအကြောင်းကို အစိုးရအာဏာပိုင်ထံသို့ တိုင်ကြားခံခဲ့ ကြရသည်။ ထို့ကြောင့် ဒေသကြီးကြပ် ကွက်ကဲသူကခေါ်၍ သူတို့လွှင့်ပစ်သော နတ်ဘုရားများကို ရှိခိုးကိုးကွယ်ခိုင်းသည်။ ငါတို့သည် ခရစ်တော်သခင်ကလွဲပြီး ဘယ်ဘုရားမှ မကိုးကွယ်နိုင်ပါဟု ရဲရင့်စွာပြောဆိုခဲ့ကြသည်။ သူတို့နှစ်ယောက်ကို အလျားလိုက်ဆန့်တန်းစေကာ ချွန်ထက်သောသံများဖြင့် စုတ်ပဲ့အောင် ရိုက်နှက်စေလေသည်။ နတ်ဘုရားနှင့် အမွှေးနံ့သာများကို သူတို့နားတွင်ထား၍ အကယ်၍ သင်တို့သည် ဤဘုရားကို ရှိခိုးကိုးကွယ်ပါက လွှတ်မည်ဟု ခြိမ်းခြောက်ကြသော်လည်း ယုံကြည်ခြင်းမပျက်ဘဲ သစ္စာရှိစွာနေကြ၏။ ဂျာ(စ်)တာသည် ၎င်းပေါ်တွင်ပင် အသက်ထွက်သွားသည်။ တရားသူကြီးက သူတို့၏ ခန္ဓာကိုယ်ကိုယူပြီး မီးရှို့ရန်အမိန့်ပေးလိုက်သည်။ စပိန်ပြည်၌ ကြည်ညိုခြင်းခံသော ရဟန္တာများဖြစ်ကြသည်။ တရားတော်အတွက် အသေခံသူများဖြစ်ကြသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ