Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#2 September 2021 #Blessed John Francis Burte and Companions #Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

John Francis Burte နှင့် အပေါင်းအဖော်များသည် ပြင်သစ်တော်လှန်ရေး၏ သားကောင်များ ဖြစ်ခဲ့ကြသည်။ ၁၇၉၁ ခုနှစ်တွင် ပြင်သစ်အစိုးရ၏ အမိန့်အရ အရပ်ဘက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ကို ပြဌာန်း၍ ခရစ်ယာန်၏ ယုံကြည်ရာ အချက်များကို ဆန့်ကျင်ပါသည်ဟု ဝန်ခံကတိ ပြုခိုင်းသည်။ ဤသို့ အဓမ္မပြုခိုင်းသည်ကို John Francis Burte နှင့် အပေါင်းအဖော်များ ငြင်းဆန်ခဲ့သဖြင့် ကွပ်မျက်ခြင်း ခံခဲ့ကြရသည်။ John Francis Burteသည် အသက် ၁၆နှစ်တွင် Franciscan ဂိုဏ်းဝင်တစ်ဦး ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် Camelite Convent ကျောင်းတွင် အဖမ်းခံရပြီး ထိန်းသိမ်းထားခြင်းကိုလည်း ခံခဲ့ရပါသည်။ တစ်ခြားအဖော် နှစ်ယောက်မှာ Appolinaris နှင့် Severin Girault နှစ်ဦး ဖြစ်ပါသည်။ Appolinaris ကို 1739ခုနှစ် ဆွီဇာလန်နိုင်ငံတွင် ဖွားမြင်ခဲ့ပြီး Capuchins ဂိုဏ်းဝင် ဖြစ်ခဲ့ပါသည်။ ပြင်သစ် ပါရီမြို့တွင် အရှေ့တိုင်းဘာသာ ပညာရပ်ကို လေ့လာဆည်းပူး ခဲ့ပါသည်။ သူသည်လည်း ပြင်သစ်အစိုးရ၏ ဘာသာရေး ယုံကြည်ခြင်းဆိုင်ရာကို မယုံကြည်ဟု အဓမ္မ ကြွေးကြော် ခိုင်းသည်ကို ငြင်းဆန်ခဲ့သဖြင့် သူသည်လည်း Carmalite Conventမှာပင် ထိန်းသိမ်းခြင်းကို ခံခဲ့ရပါသည်။ Severin Girault သည် တတိယအဆင့်ရှိ သာမန် Franciscan၏ မိတ်ဆွေများ ဖြစ်သည်။ သူသည် သီလရှင်များ၏ ပင်တိုင်ဝိညာဉ်ရေး လမ်းညွှန်တစ်ဦး ဖြစ်သည်။ သူသည်လည်း ယုံကြည်ခြင်းနှင့် ဆန့်ကျင်ရာ အချက်ကို ငြင်းဆိုခဲ့သောကြောင့် ထောင်ချခြင်း ခံခဲ့ရပါသည်။ သူသည် ပထမဦးစွာ မိမိ၏အသက်ကို ပေးလှူခဲ့ပါသည်။ အထက်ပါ သုံးပါးအပြင် အခြား 182ပါး၊ ဆရာတော်များ အပါအဝင် တခြားဘုန်းတော်ကြီး အများအပြားလည်း 1792 စက်တင်ဘာလ 2ရက်နေ့ ပါရီမြို့ရှိ Carmalite Conventတွင် အသတ်ခံခဲ့ကြရသည်။ 1926 ခုနှစ်တွင် အထက်ပါသုံးပါးကို သူတော်သူမြတ် အစုထဲတွင် ချီးမြှောက်ခြင်း ခံခဲ့ကြရသည်။ တခြားတစ်ပါးမှာ John Baptist Triquerie ကို 1737တွင် မွေးဖွားခဲ့ပြီး နောင်တွင် Franciscan ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာကာ သူသည်လည်း ယုံကြည်ခြင်းဆိုင်ရာ ဆန့်ကျင်ဘက် ပြုမှုငြင်းဆိုခဲ့သဖြင့် ခေါင်းဖြတ်သတ်ခြင်းကို ခံခဲ့ရသည်။ သူသည် Poor Clare သီလရှင်များ၏ ဝိညာဉ်ရေးဆိုင်ရာ ဘုန်းတော်ကြီး တစ်ပါးဖြစ်၍ ကောင်းသော အာပတ်ဖြေခြင်း စက္ကမင်တူး မင်္ဂလာတော်ကို ပေးတော်မူသော ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်။ 1794 ဇန်နဝါရီလ 21ရက်နေ့တွင် ခေါင်းဖြတ်သတ်ခြင်းကို ခံခဲ့ရသည်။ ၎င်းနှင့် အပေါင်းအပါ ရဟန်း 13ပါး အပါအဝင် အသင်းတော်အတွက် အသက်တော် စွန့်တော်မူခဲ့သည်။ 1955တွင် သူတော်သူမြတ် အစုတွင် ပါဝင်ခဲ့ပါသည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ