Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#3 September 2021 #St.Gregory The Great #Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

St.Gregory ကို သက္ကရာဇ် 540 AD တွင် ရောမမြို့၌ ဖွားမြင်ခဲ့သည်။ သူ၏ ငယ်နာမည်မှာ Gregorius ဖြစ်ပါသည်။ ဖခင်သည် Gordianus ဖြစ်ပြီး ချမ်းသာကြွယ်ဝသော Senator ဖြစ်ပြီး မိခင်မှာ Silvia ဖြစ်သည်။ သူ၏ဖခင်သည် နောင်တွင် ရောမ၏ ဦးပဉ္စင်း (၇)ဦးတွင် တစ်ဦး အပါအဝင် ဖြစ်လာလေသည်။ 574 AD တွင် အင်ပါယာရှင် Justine သည် Gregory ကို ​Magistrate ယုံကြည်ခြင်းဆိုင်ရာ သွန်သင်ချက်၏ အချုပ်အဖြစ် တာဝန်ထမ်းဆောင်စေခဲ့သည်။ ရသေ့ကျောင်း (၆)ကျောင်းကို တည်ဆောက်ခဲ့ပြီး Sicily တွင် နံပါတ် (၇)ခုမြောက် ရသေ့ကျောင်းဆောင်ကို တည်ဆောက်ကာ ရောမမြို့တွင် သီတင်းသုံးတော်မူသည်။ Constantinople တရားရုံးတော်တွင် အမှုတော်ကို ထမ်းရွက်ရင်း Pope Pelagius II ၏ သံတမန် အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ Pope Pelagius II ပျံလွန်တော်မူပြီး နောက်ပိုင်း ဘုန်းတော်ကြီးများနှင့် ဘာသာသူများသည် သက္ကရာဇ် 950 September 9 ရက်နေ့တွင် St.Gregory ကို ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ အဓိက ပေါ်လစီမှာ ကာသိုလစ်ဆိုင်ရာ အသင်းတော်၏ သွန်သင်ချက်၊ ယုံကြည်ခြင်းဆိုင်ရာ အသင်းတော်၏ မြတ်သောအယူဝါဒကို အဓိကထား အရေးပေး ဆောင်ရွက်ခဲ့သည်။ အင်္ဂလန်ရှိ ဘာသာသူများသည် St.Gregory ကို ပြောင်းလဲခြင်းပေးသော အရင်းအမြစ်တစ်ခုဟု ယူဆကြသည်။ သူသည် စာချွန်တော် ၈၅၀ခန့် ထုတ်ဝေ၍ Pastoral Care အသင်းတော် သာသနာပြုရာတွင် အထူးသဖြင့် ဆရာတော်များ၏ အခန်းကဏ္ဍကို အကျယ်တဝင့် ရှင်းပြ ဖော်ပြထားပါသည်။ AD 604 March 12နေ့တွင် ပျံလွန်တော်မူခဲ့သည်။ အလယ်ခေတ်တွင် St.Gregory သည် လူအများ၏ ရိုသေလေးစားခြင်းကို ခံခဲ့ရပြီး အသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ဖခင်အဖြစ် အသိအမှတ်ပြု ခံရသည်။ St.Gregory သည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ Musicians နှင့် အဆိုတော်များကို ကူညီစောင့်ရှောက်သော ရဟန္တာတစ်ပါး ဖြစ်ပါသည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ