Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#4 September 2021 #St.Rose of Viterbo (Virgin) #Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

St.Rose ကို အီတလီ Viterbo မြို့တွင် 1235 ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ အသက် 10နှစ်တွင် Franciscan သီလရှင်များ၏ မိတ်ဆွေအဖြစ် ရိုးရိုးသာမန် လူဝတ်ကြောင် အနေနှင့် လမ်းဆုံလမ်းခွတွင် လူတို့၏ အပြစ်များအတွက် အသက်တော် စွန့်တော်မူသော သခင်ယေဇူး အကြောင်းကို ဟောပြောခြင်း၊ အပြစ်အတွက် နောင်တရခြင်းတို့ကို ဟောပြောခဲ့သည်။ မိဘများနှင့် နေစဉ်တွင် ဒုက္ခဆင်းရဲခြင်းကို ကျင့်ကြံ အားထုတ်ခဲ့သည်။ သူမအသက် ငယ်ရွယ်စဉ် ကတည်းက Viterbo မြို့ရှိ မြို့သူ၊ မြို့သားတို့သည် ရဟန်းမင်းကြီးကို ဆန့်ကျင်ကြသည်။ သို့သော် Rose နှင့် သူ၏မိသားစုမှာ ရဟန်းမင်းကြီးကိုသာ ထောက်ခံသောကြောင့် မြို့ပြင်သို့ နယ်နှင်ခံခဲ့ရသည်။ မယ်တော်သခင်မ St.Rose ကို ထင်ရှားပြပြီး ထိုအချိန်တွင် သူမသည် 8နှစ်သာ ရှိသေး၍ ဖျားနာနေချိန် ဖြစ်သည်။ မယ်တော်သခင်မ၏ ကူညီစောင်မမှုကြောင့် သူမသည် Franciscan သီလရှင်တစ်ပါး ဖြစ်လာသည်။ အသက် ၁၇နှစ်တွင် St.Rose လောကကြီးမှ ခွဲခွါခဲ့ကာ ထိုနှစ်သည် ခရစ်နှစ် ၁၂၅၇ခုနှစ် ဖြစ်သည်။ St.Rose အသက်ရှိစဉ် မတ်တပ်ရပ်၍ တရားဟောခဲ့သော ကျောက်တုံးသည် မြေပြင်မှကြွပြီး အံ့ဩစွာဖြင့် လေပေါ်တွင် မြှောက်ကြွ နေလေသည်။ သူမသည် Pope Alexander IV ကို သုံးကြိမ် သုံးခါ ထင်ရှားပြခဲ့သည်။ သူမပျံလွန်တော်မူပြီး နှစ်နှစ်နှင့် နှစ်နှစ်ခွဲ အချိန်က ဖြစ်ခဲ့သည်။ သူမ၏ကိုယ်ခန္ဓာသည် မပုတ်မသိုးဘဲ နဂိုပကတိအတိုင်းရှိသည်။ St.Rose Viterbo Convent ကျောင်းသည် သူ၏အိမ်တော်ဖြစ်၍ Franciscan သီလရှင်များ၏ ထာဝရကောင်းကြီးမင်္ဂလာ ရှိခိုးကိုးကွယ်သော နေရာတော် ဖြစ်လာခဲ့သည်။ 1457ခုနှစ်တွင် Pope Callistus III သည် Sr.Rose ကို ရဟန္တာ သူတော်သူမြတ် အစုအဝေးတွင် တင်မြှောက်ခဲ့သည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ