Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#5 September 2021 #St. Mother Teresa of Calcutta #Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

Mother Teresa ကို 1910 ခုနှစ်တွင် Albanian မိဘများမှ ဖွားမြင်ခဲ့သည်။ အသက် 18 နှစ်တွင် Dublin ရှိ Sister of Loreto Abbey ရသေ့ဂိုဏ်းကို ဝင်ခဲ့သည်။ သူမ၏နာမည်မှာ Gonxha Bojaxhiu ဖြစ်သည်။ Teresa ဟူသော နာမည်ကို အန္ဒိယပြည် Darjeeling တွင် အမည်ပြောင်းလိုက်သည်။ သူမသည် Loreto Convent မှ ထွက်ခွာ၍ ကာလက္တတားမြို့ရှိ မြို့စွန်မြို့ဖျားတွင် ရှိသော ဆင်းရဲတကာထက် ဆင်းရဲသော သူများထံသွား၍ အလုပ်အကျွေး ပြုခဲ့သည်။ 1952 ခုနှစ်တွင် သေခါနီးလူ၊ အသက်လုမျောပါးနေသော သူတို့ကို ပြုစုရန် စတင်တည်ထောင်လိုက်သည်။ သူမသည် Missionaries of Charity သီလရှင်အသင်းဂိုဏ်းကို တည်ထောင်ခဲ့သည်။ သေလုမျောပါးရှိသော သူတို့ကို စားစရာ၊ နေစရာများ ဖြည့်ဆည်းပေးရုံမက သူတို့၏ခံစားရသော ဒုက္ခဝေဒနာများကို ဂုဏ်သိက္ခာရှိရှိနှင့် ဒုက္ခခံစေပြီး ဆင်းရဲသော်လည်း လူ့သိက္ခာနှင့်ညီအောင် ထားသည်။ နှစ်ပေါင်း 40ကျော် ဘုရားသခင်၏ အမှုကို ထမ်းဆောင်ရင်း “ကောင်းသော ဆာမာရီတန်” ဘွဲ့ကို ရရှိခဲ့သည်။ 1979 ခုနှစ်တွင် Nobel Price ငြိမ်းချမ်းခြင်း နိုဘယ်ဆုကို ရရှိခဲ့သည်။ 1997 စက်တင်ဘာလ 5ရက်တွင် ပျံလွန်တော်မူခဲ့ပါသည်။ Mother Teresa ပျံလွန်တော်မူသောနေ့သည် St. Teresa of Lisiex ၏ နှစ်ပေါင်း ၁၀၀ ပျံလွန်တော်မူသော လနှင့် တစ်ထပ်တည်းကျသည်။ (St. Teresa Lisiex September 30, 1897 ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။) တစ်ခါက Monica Besra အသက် 36 နှစ်သည် အစာအိမ်ကင်ဆာ ရောဂါဖြင့် Mother Teresa ထံ ဆုတောင်းကာ ရောဂါပျောက်ကင်းခဲ့သည်။ 1998 ခုနှစ်တွင် ဖြစ်သည်။ 2003, October 19 ရက်နေ့တွင် Pope John Paul II သည် Mother Teresa ကို ရဟန္တာ သူတော်သူမြတ် အစုအဝေးတွင် ကြေငြာပြီး 2016, September 4ရက်နေ့တွင် Pope Francis အရှင်သူမြတ်က ရဟန္တာအဖြစ် တင်မြှောက်ခြင်းကို ခံခဲ့ရသည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ