မယ်တော်သခင်မသည် ဖခင် Joachim နှင့် အမိ Anne မှ ဖွားမြင်ခဲ့ပါသည်။ B.C ပထမ တစ်ရာစု နောက်ပိုင်းတွင် မွေးဖွားခဲ့သည်။ သူမသည် အီစ္စရာအဲလ် အမျိုးအနွယ်ဖြစ်ပြီး ဂါလီလေယားနယ်ရှိ နာဇရက်မြို့သူလည်း ဖြစ်သည်။ သူမသည် ယောဟန်ဘတ္တိဇံ၏မိခင် ဧလိဇဘက်နှင့် တစ်ဝမ်းကွဲ တော်စပ်သူ ဖြစ်သည်။ မယ်တော်သည် ကိုယ်ဝန် အရင့်အမာဖြစ်သည့်တိုင် သူ၏ဝမ်းကွဲ ဧလိဇဘက်ထံ သွားရောက် အလုပ်အကိုင် ပြုခဲ့သည်။ ဧလိဇဘက်သည် မယ်တော်သခင်မကို ဂုဏ်ပြုချီးမွမ်း ထောပနာပြုသည်။ မယ်တော်သည် အပြစ်မဲ့သန္ဓေ ယူတော်မူသော မယ်တော်သခင်မဖြစ်သည်။ သိကြားမင်းက မာရိယာကို ပထမဦးစွာ နှုတ်ခွန်းဆက်သ၍ ကောင်းကြီး မင်္ဂလာတော်ကို ခံစားထိုက်သူဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် လုံးဝမရပ်ဆိုင်းပဲ မဆိုင်းမတွ လုပ်ဆောင်ခဲ့သည်။ သခင်ယေဇူးသည် မယ်တော်ကို လုံးဝကြည်ညို လေးစားသည်။ လက်ဝါးကပ်တိုင် ခြေရင်းတွင် သခင်ယေဇူးသည် မယ်တော်ကို ယောဟန်အား အပ်ထားခဲ့သည်။ ယောဟန်အားလည်း သင်၏အမိကို ကြည့်ပါဟူ၍ အပ်ထားခဲ့သည်။ သခင်ယေဇူး ကောင်းကင်ဘုံ တက်တော်မူသောပွဲပြီး သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကို စေလွှတ်ကာ တပည့်တော်ကြီးများကို ဦးဆောင်ခဲ့သည်။ သူမသည် အပြစ်မဲ့ သန္ဓေယူသော မယ်တော်သခင်မ ဖြစ်သောကြောင့် သူမ၏ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည် ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်း ခံခဲ့ရပါသည်။
#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)