Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#9 September 2021 #St. Peter Claver #Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

St.Peter Claver ကို 1581, June 26ရက်နေ့ စပိန်တွင် ဖွားမြင်ခဲ့သည်။ အသက် ၂၀အရွယ်တွင် Society of Jesus ဂိုဏ်းဝင် ဖြစ်ခဲ့သည်။ Theology အတတ်ပညာကို တတ်မြောက် ကျွမ်းကျင်သည်။ St.Alphonsus Rodriguez နှင့် အလုပ်အတူတူ တွဲလုပ်၍ 1610ခုနှစ်တွင် Cartagena (Modern Columbia) တွင် အဓိက ကျွန်စျေးကွက်ဖြစ်သော နေရာတွင် သွားရောက် အမှုတော် ထမ်းရွက်ခဲ့သည်။ ကျွန်တင်သင်္ဘော ကမ်းကပ်လျှင် ဤရဟန္တာသည် သင်္ဘောပေါ်သို့တက်ကာ အဓိကအားဖြင့် ကျွန်များကို စားစရာ ကျွေးသည်။ ဖျားနာသော ကျွန်များနှင့် သေလုမျောပါးရှိသော ကျွန်များကို အဓိက ကြည့်ရှု စောင့်ရှောက် ပေးသည်။ သူ၏ကျွန်များပေါ် ထားရှိသော စေတနာကြောင့် လူပေါင်း ၃၀၀ကျော် ဘာသာဝင် ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် St.Peter သည် Parkinson ရောဂါ ရရှိပြီးနောက် သူ၏ လုပ်ဖော်ကိုင်ဖက်သည် သူ့ကို ကြည့်ရှု စောင့်ရှောက်ခဲ့သည်။ သို့သော် သူ့အား ကောင်းစွာ ကြည့်ရှု စောင့်ရှောက်ခြင်း မရှိဘဲ အစာရေစာ အငတ် ထားခဲ့သည်။ ဤအခြင်းအရာကြောင့် တခါမှ ဇောဒက မတက်ခဲ့ပေ။ ၄နှစ်တိုင်တိုင် ဒုက္ခဝေဒနာကို ခံစားခဲ့ရသည်။ 1654 စက်တင်ဘာလ 8 ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ 1851 ခုနှစ် July 16 ရက်နေ့တွင် Pope Pius IX သူတော်သူမြတ် အစုအဝေးတွင် သူ့ကို တင်မြောက်ခဲ့သည်။ 1888, January 15ရက်နေ့တွင် Pope Leo XIII သည် St.Peter ကို ရဟန္တာအဖြစ် တင်မြောက်ခဲ့ပါသည်။ သူ့သည် ကျွန်အပေါင်းကို ကြည့်ရှုစောင်မ မှိုင်းမတော်မူသော ရဟန္တာအဖြစ် ကြေငြာခြင်းကို ခံခဲ့ရသည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ