ဤရဟန္တာကို 1488 Fuentellana စပိန်တွင် ဖွားမြင်ခဲ့သည်။ သူသည် St. Augustine ဂိုဏ်းဝင် စပိန်သူတော်စင် တစ်ပါးဖြစ်သည်။ 1544 ခုနှစ်တွင် Valencia သာသနာ၏ ဂိုဏ်းချုပ် ဆရာတော်တစ်ပါး ဖြစ်လာကာ အဓိက ဂိုဏ်းချုပ် တစ်ခုလုံး၏ ဝိညာဉ်ရေးဆိုင်ရာ တိုးတက်မှုကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သည်။ တရားဟောကောင်း၍ စာရေးဆရာလည်း လုပ်သည်။ တက္ကသိုလ်တွင် ပရောဖက်ဆာ အနေနှင့် ဦးဆောင်ရင်း ထူးခြား ပြောင်မြောက်သော ဆရာတော်တစ်ပါး ဖြစ်သည်။ ခရစ်ယာန်၏ ဘဝအသက်တာ သင်ကြားရေးအတွက် ကောလိပ်ကိုလည်း ဖွင့်ခဲ့သည်။ 1516 ခုနှစ်တွင် တစ်သက်သစ္စာ ခံယူကာ St. Augustine ဂိုဏ်းဝင်အဖြစ် ခံယူကာ 1520 ခုနှစ်တွင် ရဟန်းတစ်ပါး ဖြစ်လာခဲ့သည်။ ဥပဒေပိုင်းဆိုင်ရာ ဝိညာဉ်လမ်းညွှန် တစ်ဦးဖြစ်ပြီး ရောမအင်ပါယာ Charles V ထံတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
St. Thomas of Villanova ကို Pope Alexander VIII က 1658 နိုဝင်ဘာလ (၁)ရက်နေ့တွင် ရဟန္တာအဖြစ် တင်မြှောက်ခဲ့သည်။
#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)