Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#11 September 2021 #St. Cypian #Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

St. Cypian ကို မြောက်အာဖရိကတိုက် တတိယရာစုခန့်တွင် ဖွားမြင်ခဲ့သည်။ အသက်ကြီးမှ ဘာသာဝင် ဖြစ်လာပြီး အဆင့်မြင့် ပညာရေးစနစ်ကို တတ်ကျွမ်းကာ ဘာသာဝင်ခဲ့သူ ဖြစ်သည်။ ဆေးကြောခြင်း မခံခင် ကတည်းက ဖြူစင်ခြင်း ပါရမီကို ကျင့်ကြံခဲ့သည်။ နောက်ပိုင်းတွင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာပြီး Carthage သာသနာ၏ ဆရာတော်တစ်ပါး ဖြစ်လာခဲ့သည်။ အသင်းတော် အမှောင်ကျနေသော ခေတ်တွင် အင်ပါယာအရှင် Decius လက်ထက်တွင် ဘာသာတရားကို လိုက်လံညှင်းဆဲခဲ့သည်။ ထိုအခါ St. Cypian သည် နောက်ကွယ်မှနေ၍ အသင်းတော်၏ ယုံကြည်ရာ အချက်များကို ဦးဆောင် လမ်းညွှန် နိုင်ခဲ့သည်။ အင်ပါယာရှင် Decius ၏ ရုပ်ပုံကားချပ်ရှေ့တွင် ရုပ်ထုရှေ့တွင် အနစ်နာခံမှုကို ပြသနိုင်လျှင် ၎င်းကောင်းကျိုးအတွက် သက်သေခံလက်မှတ် ထုတ်ပေးလေသည်။ သူ၏အမိန့်ကို မနာခံပါက ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရပြီး ဒုက္ခအကြီးအကျယ် ရောက်ခဲ့ကြသည်။ သေခြင်းတရားကို ကြောက်ရွံ့သော ခရစ်ယာန် အများအပြားသည် အင်ပါယာ၏ ရုပ်ထုရှေ့တွင် အနစ်နာခံခြင်း၊ ပူဇော်ပသခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် သေခြင်းမှ လွတ်မြောက်သူများလည်း ရှိခဲ့သည်။ Cypianသည် စိတ်ဓါတ်လွန်စွာ ပြင်းထန်သောသူ ဖြစ်သည့်အလျှောက် အင်ပါယာအတွက် အနစ်နာခံ ပြုလုပ်သော်လည်း နောက်ပိုင်းတွင် အသင်းတော်နှင့် တစ်လုံးတစ်ဝတည်း ပေါင်းစပ်ကာ နေရပ်ပြန်လေသည်။ St. Cypian သည် ဤမျှခက်ခဲနေသော အခြေအနေများ ကြားကပင် ထိခိုက်နစ်နာခဲ့သော ဘာသာသူများ၊ ရန်သူများနှင့် ဘာသာရေးကြောင့် ဒုက္ခခံနေရသော ခရစ္စတီယာန် မောင်နှမများကို အစဉ်တစိုက် ကူညီပေးခဲ့သည်။ သူ့ကို ပြည်နှင်ဒဏ် ပေးလိုက်လေသည်။ Cypian ၏ စိတ်ဓါတ်သည် ကြံ့ခိုင်၍ စိတ်နှလုံး နူးညံ့ သိမ်မွေ့သူဖြစ်ကာ ပျော်လည်း ပျော်တတ်သည်။ အလုပ်လုပ်လျှင်လည်း သေချာစေ့စပ်စွာ လုပ်တတ်သည်။ Pope Stephen နှင့်လည်း အဆင်မပြေမှုများ ဖြစ်ခဲ့သည်။ St. Augustine သူ့ကို မှတ်ချက်ချသည်မှာ 258 ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့သည် ဂုဏ်ယူစွာဖြင့် ဓမ္မအာဇာနည် ဘွဲ့တော်ကို St. Cypian အား ချီးမြှင့်တော်မူခဲ့သည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ