1513ခုနှစ် စပိန်မှ စတင်ခဲ့သော ပွဲနေ့ဖြစ်သည်။ အနောက်ပိုင်းတွင် ဤပွဲနေ့သည် စပိန်နိုင်ငံ တစ်ခုလုံးတွင် ကျင်းပပြီးနောက် နီပေါဘုရင့်နန်းတော် တစ်ခုလုံး ဤပွဲကို ကျင်းပခဲ့ကြသည်။ Mohammed IV ဘုရင်သည် Constantinople မြို့ကို အုပ်စိုးစဉ် ဖြစ်သည်။ John Sobieski ပိုလန်ဘုရင်သည် စစ်တပ်ကို Vienna သို့ ချီတက်စေပြီး Mohammed IV ဦးဆောင် ချီတက်လာသော စစ်တပ်ကို ရပ်တန့်စေခဲ့သည်။ ထိုအချိန်မှစ၍ သူ၏စစ်တပ်ကို မယ်တော်ကညာ မာရီးယား၏ ဘွဲ့နာမတော်ကို အပ်နှံကာ King John ၏ စစ်တပ်သည် မူစလင်တပ်၏ စစ်တပ်ကို ချေမှုန်းနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ Pope Innocent XI သည် ဤမယ်တော် မာရီးယား၏ ပွဲနေ့တော်ကို အသင်းတော် တစ်ခုလုံး၌ ကျင်းပရန် အတည်ပြုလိုက်သည်။
#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)