Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#13 September 2021 #St. Jonh Chrysostom #Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

သူသည် ခရစ်သက္ကရာဇ် 344 AD တွင် Antioch မြို့တွင် ဖွားမြင်ခဲ့သည်။ Chrysostom ဆိုသည့် အဓိပ္ပါယ်မှာ “ရွှေရောင်နှုတ်တော်” ဟု အဓိပ္ပါယ်ရသည်။ 398 နိုဝင်ဘာလ 13 ရက်နေ့တွင် “ရွှေရောင်နှုတ်တော်” ဆိုသော ဘွဲ့တော်ကို ရဟန်းမင်းကြီးက အမှတ်တံဆိပ်ချိတ်ကဲ့သို့ ပေးခဲ့သည်။ သူသည် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်ပုံကို အထူးဂရုပြုကာ ခေတ်၏ရေစီးကြောင်းထဲ မပါဝင်ရအောင် သတိပေးခဲ့သည်။ သို့သော် ထိုအချိန်က အင်ပါယာ Arcadius ၏ မိဘုရား Eudixia သည် သူ့ကို ရည်ညွှန်းပြီး ပြောဆိုသော စကားများ ဖြစ်သည်ဟု ယူဆကာ St. John Chrysostom ကို ပြည်နှင်ဒဏ် ပေးခဲ့လိုက်သည်။ သို့သော် ထိုညမှာပင် ကြီးမားသော ငလျှင်လှုပ်ခြင်း စတင်ခဲ့သည်။ အင်ပါယာသည် ကြောက်အားလန့်အားနှင့် Chrysostom ကို ပြန်လည် ဆင့်ခေါ်၍ ဘုရား၏ အမျက်တော် ပြေငြိမ်းစေခဲ့သည်။ နောက်ပိုင်းတွင် ငွေရောင်ဖြင့် ဆင်းတုတစ်ခုကို ပြုလုပ်၍ အင်ပါယာ မိဘုရား Eudoxia ၏ Cathedral အနီးအနားတွင် တည်ထားသည်။ သူသည် အင်ပါယာ မိဘုရား Eudioxia ကို Herodias နှင့် နှိုင်းယှဉ်ကာ St. John the Baptist ၏ ဦးခေါင်းကို Herod ထံမှ တောင်းခဲ့သောသူနှင့် အတူတူပင် ဖြစ်သည်။ ဤစကားကြောင့် St. John Chrysostom နောက်ထပ်တစ်ကြိမ် Armenia သို့ပြည်နှင်ဒဏ် ခံရပြန်လေသည်။ ထိုအချိန်တွင် Pope Innocent I သည် ကိုယ်စားလျှောက်ထားသော်လည်း မည်သည့် အချင်းအရာမှ မဖြစ်လာနိုင်ခဲ့ချေ။ St. John Chrysostom သည် St. Basil, St. Gregory နှင့်ခေတ်ပြိုင် Theologian များအဖြစ်နှင့် ကြည်ညိုလေးစားခံရသူဖြစ်သည်။ ပညာရေးလုပ်သားများကို ကူညီစောင့်ရှောက်သော ရဟန္တာတစ်ပါး၊ တက္ကသိုလ်ကထိကများ၊ တရားဟော ဆရာ၊ ဆရာမများနှင့် အသင်းတော်တွင် ယုံကြည်ခြင်းဆိုင်ရာ သွန်သင်သူများကို ကူညီမှိုင်းမသော ရဟန္တာတစ်ပါး ဖြစ်ခဲ့သည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ