Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#14 September 2021 #Exaltation of the Holy Cross #ခရစ္စတူး၏အောင်နိုင်ခြင်းပွဲ #Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

ခရစ္စတူး၏အောင်နိုင်ခြင်းပွဲ၊ ဤပွဲကို မိရိုးဖလာပြောသည်မှာ ရောမစစ်သားများသည် သခင်ယေဇူး၏ ဒုက္ခစရိယာ ကျင့်ခံခြင်း၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတို့ကို ဖွက်ကွယ်ထားချင်သောကြောင့် တပည့်တော်ကြီးများ မမြင်စေရန် မြေမြှပ်ထားခဲ့သည်။ ရောမဘုရင် နန်းတော်ကို ပြန်လည်ရရှိရန် အတွက် တိုက်ပွဲဝင်နေချိန် Constantine သည် Maxentius နှင့် စစ်တိုက်နေချိန် ဖြစ်သည်။ သူသည် ရူပါရုံတစ်ခုကို မြင်၍ ဂရိဘာသာဖြင့် “In Hoc Signo Vinces” အဓိပ္ပါယ်မှာ “In this sign, conquer” ဤအမှတ်အသား လက္ခဏာဖြင့် အောင်မြင်နိုင်သည်။ “Christos” “X” နှင့် “P” သူတို့၏ ဒိုင်းနှင့်လွှားပေါ်တွင် ရေးစေသည်။ 312ခုနှစ် အောက်တိုဘာ 28 ရက်နေ့တွင် Constantine သည် Maxentius နှင့် ခရစ်တော်၏ နာမတော်၌ စစ်တိုက်ရာ အောင်မြင်မှု ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ရောမအင်ပါယာဘုရင်သည် ခရစ္စတီယာန်များကို အထောက်အကူ ပေးခဲ့သည်။ ခရစ်သက္ကရာဇ် 322 ခုနှစ်တွင် နဂိုမူလခရစ္စတူးတိုင်ကို Constantine ၏ မိခင် Helen က ရှာဖွေတွေ့ရှိခဲ့သည်။ Persia ဘုရင်သည် Palestine ကို အနိုင်ရကာ တိုင်းပြည်ရှိ သယံဇာတများကိုလည်း သူ၏တိုင်းပြည်သို့ သယ်ဆောင်ကာ ခရစ္စတူးကားတိုင်လည်း ပါသွားခဲ့လေသည်။ သက္ကရာဇ် 629တွင် အင်ပါယာဘုရင် Hiraclius သည် ဘုရင် Persia ထံမှ ခရစ္စတူးတိုင်ကို ပြန်လည်၍ ရယူကာ Jerusalem ၏ ပလ္လင်ထက်တွင် တင်ထားကိုးကွယ်ခဲ့သည်။ အင်ပါယာဘုရင်သည် လေးလံ၍ ကြီးမားသော ကျည်ကာအင်္ကျီကို ဝတ်ဆင်ထားသောကြောင့် ကာလ်ဝါရီတောင်ကို မတက်နိုင်ခဲ့ချေ။ သို့သော် ဂျေရုစလင်မြို့ရှိ ဆရာတော် Zachariah သည် ဘုရင်ကို အဝတ်အထည် ပေါ့ပေါ့ပါးပါးဖြင့် ရိုးစင်းသောအဝတ်ကို ဝတ်ဆင်ကာ “ကာလ်ဝါရီ” တောင်တော်ပေါ်သို့ တက်ပြီး ကိုယ်တော်၏သင်္ချိုင်းဂူ အနားမှာ ခရစ္စတူးကားတိုင်ကို စိုက်ထူနိုင်ခဲ့သည်။ ကျွန်ုပ်တို့လည်း ဤအချင်းအရာကို သတိရလျှက် ခရစ္စတူးကားတိုင်၏ အောင်ပွဲကို ကျင်းပကြသည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ