Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#15 September 2021 #Our Lady of Sorrows #မယ်တော်၏စိတ်နှလုံးကြေကွဲခြင်းပွဲ #Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

တခါက Pope Pius VII ပြည်နှင်ဒဏ်ခံရစဉ် ဒုက္ခဝေဒနာများကို ပြင်းထန်စွာ ခံခဲ့ရသည်။ သူသည် မယ်တော်သခင်မကို ဆုတောင်းသည်မှာ ပြည်နှင်ဒဏ်မှ လွှတ်မြောက်ရပါလို၏။ ဆုတောင်းသည်နှင့် ပြည်နှင်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရသည်ကို မယ်တော်သူ့အား ကူညီသည်ကို ယုံကြည်ခဲ့သည်။ မယ်တော်သခင်မအား ကျေးဇူးတုန့်ပြန်သည့် အနေဖြင့် အသင်းတော် တစ်ခုလုံး ဤပွဲကို ကျင်းပရန် စာချွန်တော် ထုတ်ဝေခဲ့ကာ အမိန့်ထုတ်ခဲ့သည်။ အသင်းတော်သည် မယ်တော်သခင်မ၏ စိတ်နှလုံးကြေကွဲခြင်း (၇)မျိုးကို အသင်းတော်အား ပြောပြခဲ့သည်။

(၁) ပထမအချက် အနေဖြင့် မယ်တော်သခင်မသည် Simeon သူတော်သူမြတ်၏ စကားတော်များကြောင့် “လှံတံတော်သည် သင်၏နှလုံးကို ထိုးဖောက်လိမ့်မည်” ဤစကားတော်သည် မယ်တော်၏နှလုံးတော်ကို မွေနှောက်သကဲ့သို့ ဖြစ်ခြင်း။

(၂) စိန့်ဂျိုးဇက်နှင့် သူမ၏သား ယေဇူးသခင်တို့ အီဂျစ်တူးပြည်ကို ထွက်ပြေးတိမ်းရှောင်ခြင်း။

(၃) ယေဇူးသခင် အသက် ၁၂နှစ်အရွယ်တွင် (၃)ရက်တာ ပျောက်ဆုံးသွားခြင်း။

(၄) ကာလ်ဝါရီ တောင်ထိပ်၌ သားတော်၏ ဒုက္ခစရိယာ ဝေဒနာ၊ နာကျင်ခြင်း ဝေဒနာကို ခံစားခြင်း။

(၅) လက်ဝါးကပ်တိုင် ခြေရင်းတွင် ရပ်နေ၍ သွေးချွေး ငိုးကြွေးရုံတင် သာမကဘဲ သူမ၏ အသဲနှလုံးတွင် ဒဏ်ရာဒဏ်ချက်နှင့် ပြည့်ဝနေခဲ့ခြင်း။

(၆) မယ်တော်သခင်မသည် ယေဇူးသခင်ကို ဝမ်းနည်းစွာ ရင်ခွင်တွင် ပွေ့ပိုက်ထားခြင်း။

(၇) သူတစ်ပါး၏ သင်္ချိုင်းဂူကို အငှားပြု၍ သခင်ယေဇူးကို မြှုပ်နှံသင်္ဂြိုလ်ခဲ့ခြင်း။

ယေဇူးသခင်၏ ဒဏ်ရာတော်ချက်များသည် မယ်တော်သခင်မ၏ စိတ်နှလုံးကြေကွဲစရာ ဒဏ်ရာတော်များ ဖြစ်ကြသည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ