Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#16 September 2021 #Sts. Cornelius and Cyprian #Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

St. Cornelius သည် Pope Fabian ကို ဆက်ခံခဲ့သူ ဖြစ်သည်။ AD 251 မတ်လ 13 ရက်နေ့တွင် လက်ခံခဲ့သည်။ အင်ပါယာဘုရင် Decius လက်ထက်တွင် ဘုရားတရားနှင့် ပတ်သက်သော အရိုအသေ ပေးမှုများကို အားပေးခဲ့သည်။ တရားဥပဒေ စည်းကမ်းများကို လိုက်နာခဲ့ကြသည်။ ဘုရားတရား လုပ်လျှင် လက်မှတ်တစ်စောင် ရသည်။ လက်မှတ်မရှိလျှင် သူတို့ကို ရာဇဝတ်ကောင်ဟု သတ်မှတ်ကာ သေခြင်းတရားနှင့် ရင်ဆိုင်ကြရသည်။ များစွာသော ခရစ်ယာန်များသည် ရောမဘုရားကို ရှိခိုးကိုးကွယ်သဖြင့် အသက်ချမ်းသာ ရရှိခဲ့ကြသည်။ သို့သော် Pope Cornelius သည် သတ္တိရှိစွာဖြင့် ရောမဘုရားကို မကိုးကွယ်သဖြင့် ပြည်နှင်ဒဏ် ခံခဲ့ရသည်။ ခရစ်သက္ကရာဇ် 253 ဇွန်လတွင် အခက်အခဲများ ကြားထဲမှာ ဓမ္မအာဇာနည်ဘွဲ့ရကာ အသက်တော်ကို ပေးလှူခဲ့သည်။ ဤရဟန္တာသည် နားကိုက်ရောဂါဝေဒနာ ခံစားသူကို ဂရုစိုက်စောင့်ရှောက်သော ရဟန္တာတစ်ပါး ဖြစ်သည်။ အဖျားတက်ခြင်း နှင့် အကြောဆွဲ ရောဂါဝေဒနာ ခံစားသူတို့၏ ရဟန္တာလည်း ဖြစ်သည်။ အိမ်တွင်း အလှမွေး တိရစ္ဆာန်များကိုလည်း ကူညီစောင့်ရှောက်သော ရဟန္တာဖြစ်သည်။

St.Cyprian ကို AD 200နှစ်အတွင်း ဖွားမြင်ပြီး ဘာသာပ ချမ်းသာကြွယ်ဝသော အမတ်၏သားတော် ဖြစ်သည်။ နဂိုမူလနာမည်မှာ Thasius Cyprianus ဖြစ်သည်။ AD 248 ခုနှစ်တွင် Carthage ၏ ဆရာတော်အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ အင်ပါယာဘုရင် Decius ၏ အသင်းတော်ကို လိုက်လံငြင်းဆဲခြင်း ဒဏ်ကိုလည်း နောက်ကွယ်တွင် ခံခဲ့ရသည်။ AD 258 စက်တင်ဘာလတွင် အသက်တော်ကို စွန့်တော်မူ၍ ဓမ္မအာဇာနည် ဘွဲ့တော်ကိုလည်း ဆွတ်ခူးရရှိသူ ဖြစ်သည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ