ခရစ်သက္ကရာဇ် 1542 အောက်တိုဘာလ (၄) ရက်နေ့ အီတလီတွင် ရဟန္တာကို ဖွားမြင်ခဲ့သည်။ သူ၏ဖခင်မှာ Vincenz Bellarmine ဖြစ်ပြီး မိခင်မှာ Cinzia Cervini ဖြစ်သည်။ သူ၏မိခင်မှာ Pope Marcellus II ၏ တူမဖြစ်သည်။ St. Robert Bellarmine သည် Society of Jesus ဂိုဏ်းဝင်အဖြစ် 1560 ခုနှစ်တွင် ဝင်ရောက်ပြီး 1570 ခုနှစ်တွင် ရဟန်းသိက္ခာကို ခံယူခဲ့သည်။ 1598 ခုနှစ်တွင် ဆရာတော်တစ်ပါး ဖြစ်လာပြီး 1599 တွင် ကာဒီနယ်တစ်ပါး ဖြစ်လာခဲ့သည်။ ထိုစဉ်က အသင်းတော်ကို မဟုတ်မမှန် တိုက်ခိုက်သော အဆိုအမိန့်များကို တိုက်ခိုက် တွန်းလှန်ခဲ့ရသည်။ 1616 ခုနှစ်တွင် Galileo Galilei အဆိုကို တင်သွင်းသည်။ သူသည် အီတလီနိုင်ငံ၏ သင်္ချာကျွမ်းကျင် ပညာရှင်၊ ကြယ်နက္ခတ် အတတ်ပညာကို တတ်မြောက်သူနှင့် ရူပဗေဒပညာရှင် တစ်ဦးလည်းဖြစ်သည်။ ကြယ်နက္ခတ် မှန်ကြောင်းကို တည်ထွင်၍ စင်္ကြာဝဠာ တစ်ခုလုံးကို စူးစမ်း လေ့လာခဲ့သည်။ ကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ လှည့်ပတ်သွားလာ နေသည်ကို သက်သေပြခဲ့သည်။ ရောမအင်ပါယာ ရဟန်းမင်းကြီး၏ ပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရသည်။ 1621 စက်တင်ဘာလ (၁၇)ရက်နေ့တွင် အသက်တော် စွန့်ခဲ့သည်။ Pope Pius XI က 1923 ခုနှစ် မေလ ၁၃ရက်နေ့တွင် သူတော်သူမြတ်အဖြစ် တင်မြောက်၍ 1930 ခုနှစ် June 29 ရက်နေ့တွင် ရဟန္တာအဖြစ် တင်မြှောက်ခဲ့သည်။ နောက်တစ်နှစ်တွင် St. Robert Bellarmine ကို Doctor of the Church အမည်နာမကို ပေးတော်မူခဲ့သည်။ သူသည် Canon Law ကို လေ့လာနေသောသူများ ဘာသာဝင်ရန် ပြင်ဆင်နေသော ညီအစ်ကို မောင်နှမများကို ကြည့်ရှုစောင်မတော်မူသော ရဟန္တာတစ်ပါးလည်း ဖြစ်ခဲ့သည်။
#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)