Untitled Document
Untitled Document
Untitled Document
ဝတၳဳ
18 September 2021 St. Joseph of Cupertino Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

ဤရဟန္တာသည် Cupertino မြို့ 1603 ခုနှစ် June 17ရက်နေ့တွင် နီပေါဘုရင့်နိုင်ငံတော်တွင် မွေးဖွားခြင်း ခံခဲ့ရသည်။ သူ၏နဂိုမူလအမည်မှာ Giuseppe Maria Desa ဖြစ်သည်။ Joseph ကို မွေးပြီးနောက်ပိုင်း ဖခင်နှင့်မိခင်သည် အိမ်အငှါးခ မပေးနိုင်သဖြင့် မောင်းထုတ်ခြင်း ခံခဲ့ရသည်။ အသက် ၂၅နှစ် အရွယ်တွင် Franciscan Friars Minor ကျောင်းဝင်၍ ရဟန်းတစ်ပါး ဖြစ်လာခဲ့သည်။ တစ်ရက်တွင် ဘုရားရှိခိုးနေရင်း လေပေါ်တွင် မြောက်ပင့်သွားပြီး Christmas Carol သီချင်းများကို သီဆိုနေသည်။ တစ်ခါတွင်လည်း 36ပေခန့်မြင့်သော ကာလ်ဝါရီတောင်တော်ပေါ်ရှိ လက်ဝါးကပ်တိုင်ကို သယ်ဆောင်သည်မှာ ပေါ့ပေါ့ပါးပါးဖြစ်ပြီး ကောက်ရိုးတစ်မျှင်ကို သယ်ဆောင် ထားသကဲ့သို့ တန်ဘိုး ရရှိခဲ့သည်။ Joseph သည် စာပေကို ကောင်းမွန်စွာ မဖတ်တတ်၊ မရေးတတ်ပေ။ Community တွင်လည်း မထင်မရှား အလုပ်၊ သေးငယ်သော အလုပ်ကိုသာ လုပ်ကိုင်လေ့ ရှိသည်။ 1628 အသက် ၂၅နှစ်အရွယ်တွင် ရဟန်းသိက္ခာကို ရရှိခဲ့သည်။ 1630ခုနှစ် October 4ရက်နေ့တွင် St. Francis of Assisi ပွဲနေ့တွင် လုပ်အားပေး ကူညီနေရင်း ပရိတ်သတ်များ၏ အလယ်တွင် ခန္ဓာကိုယ် လေထဲတွင် ပင့်မြှောက်နေခဲ့သည်။ Pope Urban VIII ၏ ခြေတော်ကို ကုန်းပြီးအနမ်း သူသည် တဖန် လေထဲတွင် ပြန်၍ ပင့်မြှောက်ခြင်း ခံရသည်။ လူများအော်ဟစ်၍ သော်လည်းကောင်း၊ ရိုက်နှက်၍ သော်လည်းကောင်း၊ မီးရှို့၍ သော်လည်းကောင်း၊ အပ်နှင့်ထွင်းခြင်း၊ သံနှင့်ရိုက်ခြင်း စသည်တို့ ပြုလုပ်မှသာ မြေပေါ်သို့ ပြန်လည် ဆင်းလာလေသည်။  သို့သော် သူ၏အကြီးအကဲ၏ အသံကို ကြားလျှင်လည်း မြေပေါ်သို့ ပြန်ဆင်းလာသည်။ သူသည် တန်ခိုးများကို ပြသနိုင်သော ရဟန္တာတစ်ပါးအဖြစ် ကြည်ညိုခြင်း ခံရသည်။ “ပျံနေသောရဟန္တာ” ဟုလည်း နာမည်တွင်ခဲ့သည်။ “ကျောက်ရောဂါ” အသည်းအသန် ခံစားနေသော သူငယ်မ တစ်ယောက်ကို ရောဂါကုသ ပေးခဲ့သည်။ 1663 September 18ရက်နေ့တွင် အသက်တော် စွန့်ခဲ့သည်။ 1753 ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် Pope Benedict XIV သည် သူတော်သူမြတ်အဖြစ် ကြေငြာခဲ့ကာ Pope Clement XIII က 1767 July 16ရက်နေ့တွင် ရဟန္တာ တင်မြှောက်ခဲ့သည်။ လေယာဉ်မောင်းသူ၊ လေကြောင်းတွင် အလုပ်လုပ်သူများနှင့် အာကာသ ယာဉ်မှူးတို့ကို မှိုင်းမတော်မူသော ရဟန္တာဖြစ်ပြီး ဆင်းရဲချို့တဲ့သော ကျောင်းသူ၊ ကျောင်းသားများ၏ ရဟန္တာလည်း ဖြစ်သည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ