Untitled Document
Untitled Document
Untitled Document
ဝတၳဳ
19 September 2021 St. Januarius Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

အင်ပါယာဘုရင် Diocletian လက်ထက် အသက် ၁၅နှစ် အရွယ်တွင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာခဲ့သည်။ သူသည် နီပေါ Benevento ၏ ဆရာတော်တစ်ပါး ဖြစ်လာခဲ့သည်။ ဘာသာရေးကို ညှင်းဆဲခြင်း ခံရသောခေတ်နှင့် ကြုံသဖြင့် St. Januarius နှင့် အပေါင်းအပါများ သားရဲတိရစ္ဆာန်၏ အစာကျွေးခြင်းကို ခံခဲ့ရသည်။ သို့သော် သားရဲများမှာ သူတို့ကို မတိုက်ခိုက်ပေ။ မီးဖိုထဲတွင် ပစ်ချခြင်း ခံရသော်လည်း မည်သို့မျှ ထိခိုက်ခြင်း မရှိဘဲ ပြန်လွတ်လာသည်။ ထို့ကြောင့် 305 AD ရောက်သောအခါ St. Januarius နှင့် အပေါင်းအပါများ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရသည်။ Eusebia ဆိုသော အမျိုးသမီးသည် သူတို့၏အသွေးကို စုဆောင်းပေးသည်။ သွေးတော်ကို ချိတ်ပိတ်ထားသော ဖန်ပေါင်းချောင်တွင် ထိန်းသိမ်းထားခဲ့သည်။ အသွေးတော်ကို နီပေါကာသီဒြယ် ကျောင်းတော်တွင် တည်ထား ကိုးကွယ်စေပြီး ဘုရားဖူးသူ အများလည်း သက်သေခံကြသည်။ September 19, December 16, May လ ပထမတနင်္ဂနွေနေ့ မတိုင်ခင် စနေနေ့တွင် သွားရောက်၍ ဖူးမြော်နိုင်သည်။ St. Alphonsus Liguori က St. Januarius ၏ သွေးသည် အံ့ဩဘွယ်ရာ အသွေးဖြစ်သည်။ Volcanic Mount Vesuvius မီးတောင်ပေါက်ကွဲစဉ် St. Januarius ၏ အသွေးတော်ကို ယူ၍ မီးတောင်ပေါက်ကွဲသော နေရာတွင် ထားရှိသဖြင့် ချော်ရည်တို့သည် ချက်ခြင်းရပ်တန့်ကာ မီးတောင်လည်း ငြိမ်းသွားခဲ့သည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ