ကိုးရီးယားနိုင်ငံတွင် 19ရာစုအတွင်း ခရစ်ယာန် 103 ယောက်ကျော်ခန့်က ယုံကြည်ခြင်းအတွက် သူတို့၏အသက်ကို ပေးလှူကာ ဓမ္မအာဇာနည်များ ရှိခဲ့သည်။ Andrew Kim Taegon သည် ရဟန်းတစ်ပါးဖြစ်ပြီး တရားဟောကောင်းသူ ဖြစ်သည်။ Paul Chong Hasang မှာ ရိုးရိုးသာမန် တပည့်တော်တစ်ပါး ဖြစ်သည်။ Andrew Kim ၏ ဖခင်သည်လည်း ဘာသာရေး၏ ယုံကြည်ရာ အချက်များကြောင့် ခေါင်းဖြတ်ခြင်း ခံခဲ့ရသည်။ 1848 September 16ရက်နေ့တွင် Andrew Kim သည်လည်း ခေါင်းဖြတ်ခြင်း ခံခဲ့ရသည်။ နောင်ဘဝတွင် ထာဝရသုခ ချမ်းသာဘုံသို့ ရောက်လိုလျှင် ခရစ်ယာန် ယုံကြည်ခြင်းကိုသာ လက်ဆုပ်လက်ကိုင်ပြု၍ သေနိုင်သော ကိုယ်ခန္ဓာ၏ ခဏတာကို မကြည့်ပဲ မဖျက်စီးနိုင်သော ဝိညာဉ်အတွက်ကို ဦးစားပေးရမည်။ ခရစ်တော်သည် သူ့ကို ငြင်းဆန်သူအတွက် အခန်းမပေးပါ။ 1839 ခုနှစ် စက်တင်ဘာလ ၂၂ရက်နေ့တွင် Paul Chong Hasang သည် ဘာသာရေးကြောင့် ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ 1984 ခုနှစ် May လ 6ရက်နေ့တွင် Pope John Paul II သည် ရဟန္တာအပေါင်းအပါတို့ကို ရဟန္တာအဖြစ် တင်မြှောက်ခဲ့သည်။
#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)