Untitled Document
Untitled Document
Untitled Document
ဝတၳဳ
21 September 2021 St. Matthew, စိန့်မာတေဦး Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

ရောမအင်ပါယာ၏ အခွန်ခံတစ်ယောက်ဖြစ်၍ ဂျူးလူမျိုးလည်း ဖြစ်သည်။ သူ၏ ဖခင်မှာ Alphaeus ဖြစ်ပြီး Capernaum တွင် ဖွားမြင်ခဲ့သည်။ အခွန်ခံတစ်ဦးလည်း ဖြစ်သည်။ အခွန်ခံပြီး ကျန်သောငွေများကို ရောမအစိုးရထံ အပ်နှံပြီး အမြတ်ခွန် အပိုကိုလည်း မိမိအတွက် ကောက်ခံခဲ့သည်။ ဤအခြင်းအရာကို သိသော ဂျူးလူမျိုး အချင်းချင်းနှင့် ဖာရီဇေဦးတို့သည် Matthew ကို အပြစ်သား အနေနှင့်မြင်ပြီး ဆက်ဆံကြသည်။ ရောမအင်ပါယာ အကြီးအကဲ၏ အခွန်ခံ ဖြစ်သောကြောင့် ပညာအရည်အချင်းမှာလည်း အဆင့်မနှိမ့်ပေ။ သို့သော် သခင်ယေဇူးသည် Matthew အခွန်ခံနေစဉ် သူ့ကို ခေါ်သောကြောင့် သူသည်လည်း ရိုးသားစွာဖြင့် သခင်ယေဇူး၏ နောက်တော်သို့ လိုက်ခဲ့သည်။ ယေဇူးသခင်ကိုလည်း စိတ်ဆိုးပြီး အခွန်ခံနှင့်အတူ စားသောက်ရကောင်းလားဆိုပြီး အပြစ်သည်နှင့် ရောယှက်နေသည်ကို မနှစ်သက်ပေ။ ထိုအခါ သခင်ယေဇူးက “ငါလာခြင်းသည် ဖြောင့်မတ်သောသူအတွက် လာသည်မဟုတ်၊ အပြစ်ရှိသူအတွက် လာခြင်းဖြစ်သည်” ဟု သူတို့အား ပြန်ဖြေခဲ့သည်။ ယေဇူးသခင်၏ သာသနာပြုခရီးစဉ်တွင် လမ်းမှားနေသူများ လမ်းမှန်သို့ရောက်ရန် ဘုရားသခင်၏ ကောင်းကင်သုခ ရွှေပြည်ရောက်ရန်အတွက် ပြင်ဆင်ပေးခြင်း ဖြစ်သည်။ Matthew သည် ယေဇူးသခင် ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်းတို့ကို မျက်ဝါးထင်ထင် သက်သေပြသူ ဖြစ်သည်။ စာရင်းအင်း ပညာရှင်၊ ဘဏ်၌ အလုပ်လုပ်သူများ၊ အကောက်ခွန်ရုံး၊ အခွန်ခံသူများ၊ ရေမွှေးရောင်းဝယ် ဖောက်ကားသူတို့ကို စောင့်ရှောက်သော ရဟန္တာဖြစ်သည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ