1600 ခုနှစ်တွင် ဘာသာသူ မိဘနှစ်ပါးမှ မွေးဖွားလာသော St. Lawrence (Lorenzo) သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဖခင်တရုတ်လူမျိုးနှင့် မိခင်ဖိလစ်ပိုင်လူမျိုးမှ မွေးဖွားလာသူ ဖြစ်သည်။ အိမ်ထောင်သည်ဖြစ်၍ သားနှစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။ Dominican ဘုန်းတော်ကြီးထံတွင် အလုပ်လုပ်ရင်း စပိန်ဘာသာရပ်ကို လေ့လာသင်ယူခဲ့သည်။ ဘုရားစင်နှင့် ပတ်သက်သော ဝေယျာဝစ္စများကို ဆောင်ရွက်ပေးခဲ့သည်။ Dominican များ၏ ဝိနည်းဆိုင်ရာ ဝတ်ပြုကိုးကွယ်ခြင်းကို တာဝန်ယူ၍ စိပ်ပုတီးနှင့် ပတ်သက်သော သဒ္ဒါကြည်ညိုခြင်းကို တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ တစ်ခါက St. Lawrence ကို လူသတ်သည်ဟု စွတ်စွဲသဖြင့် Dominican ဘုန်းတော်ကြီးအချို့ Antonio Gonzalez, ဘုန်းတော်ကြီး Guillermo နှင့် ဘုန်းတော်ကြီး Miguel, ဂျပန်ဘုန်းတော်ကြီး Vincente Cruz နှင့် သာမန်ဘာသာသူ Lazano တို့သည် ဂျပန်နိုင်ငံသို့ သင်္ဘောဖြင့် ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ ဂျပန်နိုင်ငံ Okinawa ကျွန်းတွင် ကမ်းကပ်ခဲ့သည်။ ထိုအချိန်တွင်လည်း ဘာသာရေး လိုက်လံ ညှင်းဆဲနေချိန် ဖြစ်သည်။ ယုံကြည်ခြင်းအတွက် အသက်အန္တရာယ် ရှိခဲ့သည်။ ဤလူခြောက်ယောက်တို့သည် အဖမ်းခံရ၍ Nagasaki တွင် အစစ်ဆေး မေးမြန်းခြင်း ခံရပြီး အပြစ်ပေးခြင်းကိုလည်း ခံခဲ့ရသည်။ ခရစ်ယာန် ဘဝသက်တာကို ဝန်ခံသဖြင့် အပြစ်ဒဏ် ခံရသည့်အပြင် ရက်စက် ကြမ်းကြုတ်မှုကိုလည်း ခံခဲ့ရသည်။ Pope John Paul II သည် အထက်ပါ လူ6ယောက်ကို ရဟန္တာ တင်မြောက်ခဲ့သည်။ 1987 အောက်တိုဘာလ 18ရက်နေ့တွင် Pope John Paul II သည် St. Lawrence အား ၂နှစ်အရွယ် သူငယ်မ Cecilia Alegria Policarpio ကို ဦးနှောက်ကျုံ့ခြင်းရောဂါမှ ကုသပေးနိုင်သော တန်ခိုးတော် ရှိခဲ့သည်။
#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)