St. Padre Pio ကို 1887 မေလ 25ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ သူ၏မူလအမည်မှာ Francesco ဖြစ်သည်။ ဖခင်မှာ Guiseppa ဖြစ်ပြီး မိခင်မှာ Grazio Forgiona ဖြစ်သည်။ အီတလီ Pietrelcina ရွာလေး တစ်ရွာတွင် ဖွားမြင်ခဲ့သည်။ 1910 ခုနှစ်တွင် ရဟန်းသိက္ခာ ခံယူ၍ Padre Pio ဟူသော အမည်ကို ခံယူသည်။ 1918 September 20 ရက်နေ့တွင် ဒူးထောက်၍ ဆုတောင်းနေစဉ် သခင်ယေဇူး၏ ဒဏ်ရာဒဏ်ချက်တော်တို့ကို ရရှိခဲ့သည်။ ဆရာဝန်များ စစ်ဆေးသော်လည်း မည်သည့်အကြောင်းကြောင့် လူကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာဒဏ်ချက်များ မဟုတ်ကြောင်း ဆရာဝန်က စမ်းသပ်တွေ့ရှိခဲ့သည်။ ဘုရားစင်ပေါ်မှ အသွေးတော်သည် ပန်းပွင့်ကဲ့သို့ ဖြစ်ပြီး အမွေးရနံ့လည်း ရရှိခဲ့သည်။ အကြီးအကဲ၏ မောင်းထုတ်ခြင်းကို ခံရ၍ ဆေးကြောခြင်း စက္ကရမင်မင်္ဂလာနှင့် လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်မင်္ဂလာတို့ကို ပေးရန် အခွင့်မရှိတော့ချေ။ Pope Pius XI သည် Padre Pio သူ၏အခန်းထောင့် တစ်နေရာတွင် ထိန်းသိမ်းထားသည်။ သို့သော် 1929 ခုနှစ်တွင် ဘုန်းတော်ကြီး Father Luigi Orione သည် Padre Pio ဒူးထောက်လျှက် Pope Sarto ၏အုတ်ဂူရှေ့တွင် ဆုတောင်းနေစဉ် ရူပါရုံ (၂)ခု ပေါ်လာသည်ကို တွေ့ခဲ့သည်။ နေရာ နှစ်နေရာတပြိုင်နက် ကျေးဇူးတော်ကို ခံစားခဲ့ရသည်။ Father Orione က Popeကို ပြောပြသဖြင့် Padre Pio ကို ထိန်းသိမ်းထားခြင်းမှ ပြန်လွတ်ပေးလိုက်သည်။ ထိုအချိန်သည် 1968 ခုနှစ် စက်တင်ဘာလ ၂၃ရက်နေ့ဖြစ်၍ အသက်တော်သည် ၈၁နှစ်ပင် ဖြစ်နေပေပြီ။ Padre Pio ပျံလွန်တော်မူပြီး နောက်ပိုင်းတွင် ဒဏ်ရာဒဏ်ချက်များမှာ ပျောက်ကွယ်သွားလေသည်။ တကယ့်အဖြစ်အပျက် ဖြစ်ခဲ့ပါသည်။ Montreal မြို့မှ အမျိုးသမီး Guiditta Scalzulli သည် သူ၏ခင်ပွန်း နှလုံးရောဂါဖြစ်ခြင်းမှ Padre Pio ကုသပေးခဲ့သည်။ တန်ခိုးများစွာလည်း ပြသခဲ့သည်။ Pope John Paul II သည် 1999 May 2ရက်နေ့တွင် Padre Pio ကို သူတော်သူမြတ်အစုတွင် ကြေငြာ၍ 2002 ခုနှစ် June 16ရက်နေ့တွင် Padre Pio ကို ရဟန္တာ တင်မြှောက်ခဲ့သည်။
#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)