St. Pacifico ကို 1653 မတ်လ (၁)ရက်နေ့တွင် အီတလီ အလယ်ပိုင်း San Severino တွင် တော်ဝင်မိသားစုမှ ဖွားမြင်ခဲ့သည်။ သူ၏ဖခင်မှာ Antonio M. Divini ဖြစ်ပြီး မိခင်မှာ Mariagela Bruni ဖြစ်သည်။ 1676 June 4 ရက်နေ့တွင် ရဟန်းသိက္ခာကို ခံယူခဲ့သည်။ နောက်ပိုင်းတွင် Friars Minor ကျောင်းသို့ဝင်၍ ဘုရားတရားနှင့် ပတ်သက်သော အလုပ်ကိုသာ လုပ်ကိုင်ခဲ့သည်။ အစာရှောင်ခြင်း အမှုကို ပြုလုပ်၍ ဟင်းရည် (သို့) ရေနှင့် ပေါင်မုန့်ကိုသာ သုံးဆောင်ခဲ့သည်။ သူ၏အကြီးအကဲကို ပြုစု၍ San Severino မှာပဲ သီတင်းသုံးတော်မူခဲ့သည်။ သူသည် ၂၉နှစ်ပတ်လုံး အင်အားချိနဲ့ရောဂါ၊ နားပင်းရောဂါနှင့် နောက်ဆုံး မျက်စိကွယ်သွားလေသည်။ သူ့ထံသို့ လာရောက် ဆုတောင်းလာသူတိုင်း ရောဂါပျောက်ကင်းခဲ့သည်။ 1721 September 24ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ 1786 August 4ရက်နေ့တွင် သူတော်သူမြတ် အစုအဖွဲ့တွင် ကြေငြာခြင်း ခံရပြီး 1839 May 26ရက်နေ့တွင် Pope Gregory XVII မှ ရဟန္တာတင်မြောက်ပေးခဲ့သည်။
#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)