Untitled Document
Untitled Document
Untitled Document
ဝတၳဳ
25 September 2021 St. Elzear and Blessed Delphina Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

St. Elzear Sabran and Blessed Delphina of Sagne တို့သည် အကြင်လင်မယားဖြစ်၍ လက်ထပ်ထိမ်းမြားပြီး နောက်ပိုင်း ရဟန္တာဘဝနှင့်သာ ဆက်လက် အသက်ရှင်ခဲ့သည်။ သူတို့သည် သန့်ရှင်းဖြူစင်ခြင်း ပါရမီကို လက်ထပ်ည ကတည်းကပင် ကျင့်သုံးခဲ့သည်။ ဆင်းရဲသားများကို အစဉ် စောင့်ရှောက်သည်။ အလုပ်နှင့် ဆုတောင်းမေတ္တာ၌သာ မွေ့လျော်ကာ လိုအပ်သော သူများကို အကူအညီ ပေးလေ့ရှိသည်။ Elzear သည် သူ၏ အင်ပါယာကို အုပ်ချုပ်တော်မူ၍ နီပေါနိုင်ငံနှင့် ပြင်သစ်နိုင်ငံ တောင်ပိုင်းကိုလည်း အုပ်ချုပ်တော်မူခဲ့သည်။ နေ့စဉ်နေ့တိုင်း ဆင်းရဲချို့တဲ့သူ တစ်ဆယ့်နှစ်ဦးနှင့် အစားအသောက် အတူစားကြသည်။ သားသမီး အရင်းအချာ မရှိသော်လည်း ပတ်ဝန်းကျင်ရှိ ဆင်းရဲသားများ၊ ဖျားနာသူများကို ကြည့်ရှု စောင့်ရှောက်ခဲ့သည်။ Elzear သည် အနာကြီး ရောဂါသည်များကိုလည်း ကုသပေးနိုင်ခဲ့သည်။ Pope Urban V သည် 1363 ခုနှစ်တွင် သူတော်သူမြတ် အစုအဖွဲ့တွင် ကြေငြာပြီး St. Elzear ကို ဘုရား၏ သားတော်ဘွဲ့ ပေးခဲ့သည်။ 1696 ခုနှစ်တွင် Pope Innocent XII သည် Blessed Delphina ကို ရဟန္တာအဖြစ် တင်မြောက်ခဲ့သည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ