ဤရဟန္တာနှစ်ပါးသည် အမြွာညီအစ်ကိုဖြစ်၍ Arabia တွင် ဖွားမြင်ခဲ့သည်။ အင်ပါယာဘုရင် Diocletian လက်ထက်တွင် ဆေးကုသမှု ပေးခဲ့ကြသည်။ ဆေးဝါးများ အခမဲ့ ကုသပေးခဲ့သည်။ သူတို့၏ ရက်ရောသော စေတနာကြောင့် ခရစ်ယာန်အပေါင်းတို့ အသက်ချမ်းသာ ရရှိခဲ့ကြသည်။ ဘာသာရေး ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပြီး 283 ခုနှစ်တွင် အဖမ်းခံခဲ့ရသည်။ ညှင်းပန်းနှိပ်စက်ခြင်း ခံရသော်လည်း ဘာသာရေးကို မစွန့်လွတ်ပေ။ 287 ခုနှစ်တွင် ခေါင်းဖြတ်ခြင်း ခံခဲ့ရသည်။ သူတို့၏ညီငယ် Anthimus, Leontinus နှင့် Euprepius တို့သည်လည်း ဘာသာရေးကြောင့် အသက်ပေးလှူခဲ့ကြသည်။ သူတို့သည် Cecilia မြို့တွင် နေထိုင်၍ အသင်းတော်၏ အဦးဆုံးသော အသက်ပေးလှူခဲ့သူများ ဖြစ်ခဲ့သည်။ အထူးခြားဆုံး တန်ခိုးတော်မှာ ခြေထောက်အရိုး အစားထိုးကုသခြင်း တန်ခိုး ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် Emperor Justinian ၏ ရောဂါသည်လည်း ဤရဟန္တာနှစ်ပါးကြောင့် ရောဂါကုသခြင်း ခံခဲ့ရသည်။ ဘရာဇီးတွင် ဤရဟန္တာနှစ်ပါးသည် ကလေးသူငယ်များကို ကူညီမှိုင်းမသော ရဟန္တာအဖြစ် သတ်မှတ်ခြင်း ခံရသည်။ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဝါးသုတေသန ပြုစုသူတို့ကို စောင့်ရှောက်သော ရဟန္တာနှစ်ပါးလည်း ဖြစ်ခဲ့သည်။
#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)