Untitled Document
Untitled Document
Untitled Document
ဝတၳဳ
27 September 2021 St. Vincent de Paul Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

ဤရဟန္တာသည် 1581 ခုနှစ် ဧပြီလ 24 ရက်နေ့ ပြင်သစ်ပြည် Pouy, Gascony ရွာလေးတစ်ရွာတွင် ဖွားမြင်ခဲ့သည်။ သင်္ဘောသားဖြစ်၍ ပင်လယ်ပြင်ခရီး Marseilles မှ Narbonne သို့ သွားစဉ်တွင် ပင်လယ်ဓါးပြနှင့် တွေ့ကာ ကျွန်အဖြစ် 1605 ခုနှစ်တွင် အဖမ်းခံခဲ့ရသည်။ ကျွန်အဖြစ် 2 နှစ်နေ၍ လွတ်မြောက်ကာ 1626 ခုနှစ်တွင် အသင်းဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ Lazerists သို့မဟုတ် Vincentians များအတွက် Mission ဖြစ်သည်။ သူ၏နာမည် ကျော်ကြားမှုများ၊ သူများ၏ အထင်ကြီးမှုများကို မနှစ်သက်ပေ။ ချစ်ခြင်းမေတ္တာ လုပ်ငန်းတော်၌သာ တစိုက်မတ်မတ် လုပ်ကိုင်သူ ဖြစ်ခဲ့သည်။ 1660 ခုနှစ် September 27 ရက်နေ့တွင် ပျံလွန်တော်မူပြီး သူ၏နှလုံးမှာ မပုတ်မသိုးပေ။ 1729, August 13ရက်နေ့တွင် Pope Benedict XIII သည် St. Vincent de Paul ကို ရဟန္တာ သူတော်သူမြတ် အဖွဲ့တွင် ကြေငြာခဲ့သည်။ 1737, June 16ရက်နေ့ Pope Clement XII သည် ရဟန္တာ တင်မြောက်ခဲ့သည်။ Sisters of Charity အသင်းဂိုဏ်း၏ ရဟန္တာအဖြစ် Pope Leo XIII က ချီးမြှင့်တော်မူခဲ့သည်။ Brothers of Charity အသင်းဂိုဏ်းကို စောင့်ရှောက်သော ရဟန္တာလည်း ဖြစ်သည်။ 1833 ခုနှစ် ပြင်သစ်ကျောင်းသားများ အဖွဲ့သည် St. Vincent de Paul အသင်းဂိုဏ်းကို တည်ထောင်ပြီး Blessed Frederic Ozanam က ဤအဖွဲ့အစည်းကို ဦးဆောင်ခဲ့သည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ