Untitled Document
Untitled Document
Untitled Document
ဝတၳဳ
28 September 2021 St. Wenceslaus Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

ဤရဟန္တာသည် AD 907 ခုနှစ် Prague မြို့ အနီးတွင် ဖွားမြင်ခဲ့သည်။ သူ၏ဖခင်မှာ မြို့စားကြီး Duke Wratislaus ဖြစ်သည်။ သူ၏အဖွားဖြစ်သူ St. Ludmila က သူ့ကို ဘာသာရေး အသိပညာများ သင်ကြားပို့ချပေးသည်။ ဘာသာရေး ဆန့်ကျင်သူသည် သူ၏အဖွားနှင့် ဖခင်ကို သတ်ပြီး ထီးနန်းရာထူးကို လုယူခဲ့သည်။ သို့သော် St. Wenceslaus သည် 922 ခုနှစ်တွင် အုပ်ချုပ်သူ အသစ်အဖြစ် ကြေငြာခြင်း ခံရ၍ မြို့စားအနေနှင့် တာဝန်ပြန်ရသည်။ ခရစ်သက္ကရာဇ် 922 မှ 935 အထိ အုပ်ချုပ်တော်မူ၍ နောက်ပိုင်း လုပ်ကြံခြင်း ခံခဲ့ရသည်။ ခရစ်ယာန် ဘုန်းတော်ကြီးများကို အားပေး တော်မူခဲ့သည်။ ဘာသာရေးပွဲ တစ်ခု၌ Wenceslaus ကို ဖိတ်ကြားပြီး သူ့ကိုပါ ကွပ်မျက်လိုက်လေသည်။ 935 ခုနှစ် September 28 ရက်နေ့တွင် အသက်စွန့်ခဲ့သည်။ ရောမအင်ပါယာဘုရင် Otto I သည် မြို့စား Wenceslaus ရာထူးပေး၍ ဘုရင့်ရာထူးက ချီးမြှောက်ခြင်း ခံခဲ့ရသည်။ နောက်ပိုင်းတွင် ရာစုသုံးခုတိုင် ဆက်လက်၍ ဘုရင် Wenceslaus I အဖြစ် သတင်းမွှေး ကျော်ဇောခဲ့သည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ