St. Michael သည် ကောင်းကင်နိုင်ငံတော်၏ အင်အားတော် မင်းသားချုပ်လည်း ဖြစ်ခဲ့သည်။ Prince of Seraphim အဖြစ် ကျော်ကြားပြီး ဂရိဖခင်ကြီးများကို ကြည့်ရှုစောင့်ရှောက်သော ရဟန္တာလည်း ဖြစ်သည်။ ပထမဦးဆုံး တပည့်တော်ကြီးများကို စောင့်ရှောက်တော်မူခဲ့သည်။ အီတလီ၏ စိန့်မိုက်ကယ်၏ အုတ်ဂူ၊ မက်ဆီကိုရှိ စိန့်မိုက်ကယ် အုတ်ဂူ၊ ပြင်သစ် Mont တွင်ရှိ စိန့်မိုက်ကယ် အုတ်ဂူတို့တွင် တပြိုင်နက် တန်ခိုးတော် ပြခဲ့သည်။ အထောက်အထားများ ရှိခဲ့သည်။ ဟီဘရူးဘာသာဖြင့် “ဘုရားသခင်နှင့် တူသောသူ” ဟု အဓိပ္ပါယ်ရသည်။ ဗျာဒိတ်တော်ကျမ်းတွင် စိန့်မိုက်ကယ်သည် စာတန်နတ်ဆိုးကို အောင်ကြောင်း ရေးသားထားသည်။ စိန့်မိုက်ကယ်သည် ကုန်ခြောက် ရောင်းဝယ် ဖောက်ကားသူ၊ မိုင်းသတ္တုတွင်းတွင် လုပ်ကိုင်သော လုပ်သားများ၊ လေထီးခုန်သမားများနှင့် ရဲသားများကို စောင့်ရှောက်သည်။ ဖျားနာနေသောသူများ အထူးသဖြင့် စိတ်ရောဂါ ဝေဒနာသည်များ သူ့ထံ ဆုတောင်းလျှင် ပျောက်ကင်းသွားသည်။
St. Gabriel သည် ဘုရားသခင်၏ သတင်းစကားပါးသူ ဖြစ်သည်။ Gabriel ဆိုသည့် အဓိပ္ပါယ်မှာ “Man of God” ဖြစ်သည်။ ဧလိဇဘက်နှင့် ဇာခရိတို့ကို John the Baptist မွေးလာမည့်အကြောင်း သတင်းကောင်း ပါးခဲ့သည်။ မယ်တော်သခင်မအား အမိန့်တော် ပြန်တော်မူခဲ့သည်။ မယ်တော်သည် နှိမ့်ချခြင်းနှင့် လက်ခံခဲ့သည်။ အစ္စလာမ်ဘာသာတွင် Gabriel သည် “Jibrail” ဖြစ်သည်။ အဓိပ္ပါယ်မှာ Quran ကျမ်းကို ပရောဖက် မိုဟာမက်အား ပေးခဲ့သည်ဟု ယူဆခဲ့ကြသည်။
St. Raphael သည် ဘုရားသခင် ရှေ့တော်၌ သိကြားမင်း အချုပ်ဖြစ်သည်။ Tobit, Tobiah နှင့် Sarah တို့ကို ကူညီရန် ဘုရားစေလွှတ်ထားသူ ဖြစ်သည်။ သူသည် Tobiah ၏ အခက်အခဲများကို ကူညီ၍ Sarah နှင့် လက်ထပ်မင်္ဂလာ၌ မည်သို့နေထိုင်ရမည်ကို ကူညီပေးခဲ့သူဖြစ်သည်။ Raphael ၏ အဓိပ္ပါယ်မှာ “ဘုရားကုသခြင်း” ဆိုသည့် အဓိပ္ပါယ်ရသည်။ ကျမ်းစာတော်ရှိ ပုံပြင်ထဲတွင် လူများ၏ အပြစ်ဒဏ်ကြောင့် ဘုရားအမျက်တော် ရှတော်မူမည့် အချိန်တွင် St. Raphael သည် ကမ္ဘာကို ကူညီပေးခဲ့သည်။ ကုသမှုစမ်းအိုင်ရှိ ရေကိုလည်း လှုပ်ရှားစေပြီး လူအများ ရောဂါကုသမှု ခံခဲ့ရသည်။ မျက်မမြင်များကို ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူနာပြုများနှင့် ဆရာဝန် သမားတော်ကြီးများကိုလည်း စောင့်ရှောက်သည်။ ဘဝကြင်ဖော် ရှာနေသူများကို မှိုင်းမပြီး ခရီးသွားသော သူတို့ကိုလည်း အစဉ်စောင့်ရှောက်သည်။
#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)