Untitled Document
Untitled Document
Untitled Document
ဝတၳဳ
30 September 2021 St. Jerome Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်) Posted by M Sulatthtwe

St. Jerome ၏ နာမည်အရင်းမှာ Eusebius Hieronymous Sophronius ဖြစ်သည်။ သက္ကရာဇ် 342 AD Aquileia မြို့နားအနီးရှိ Stridonius တွင် နေထိုင်ခဲ့သည်။ Pope Liberius ထံမှ ခရစ်သက္ကရာဇ် 360 တွင် ဆေးကြောခြင်း ခံယူကာ ရောမမြို့ရှိ Donatus တွင် ပညာဆည်းပူးခဲ့သည်။ Nazianzus မြို့ရှိ Gregory ထံတွင် ကျမ်းစာတော်မြတ်ကို လေ့လာဆည်းပူးခဲ့သည်။ Constantinople တွင်လည်း ပညာကို လေ့လာခဲ့သည်။ Pope Damasus ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မယ်တော်တွင် အခြားကလေးများ ရှိသည်ဆိုသည့် အဆိုကို ငြင်းဆိုကာ မယ်တော်သခင်မသာလျှင် ထာဝစဉ် သန့်ရှင်းမြင့်မြတ်သူ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ မယ်တော်သခင်မ၏ သန့်ရှင်းမြင့်မြတ်မှုကိုသာ အရေးပေး သက်သေပြခဲ့သည်။ သက္ကရာဇ် 420 စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ သူ၏ရုပ်ကလပ်တော်ကို သခင်ယေဇူး မွေးဖွားရာ ဘက်သလေဟင်မြို့ရှိ ဘုရားကျောင်းတော်အောက်တွင် မြုပ်နှံထားသည်။

#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)

ရဟႏာၱ