St. Teresa ကို 1873 ဇန်နဝါရီလ (၂)ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ၏ဖခင်မှာ ကျောက်မျက်ရတနာကုန်သည် Louis Martin ဖြစ်ပြီး မိခင်မှာ ဇာထိုးပန်းထိုး Zelie Guerin ဖြစ်သည်။ အစကနဦးတွင် သူ၏မိဘများသည် ဖခင်ဖြစ်သူမှာ ရသေ့တစ်ပါး ဖြစ်ချင်၍ မိခင်ဖြစ်သူမှာ သီလရှင် ဖြစ်ချင်စိတ်ရှိသည်။ နောက်ပိုင်း လက်ထပ်ပြီး မောင်နှမရင်းကဲ့သို့ နေထိုင်ရန် ကြိုးစားခဲ့သည်။ နောက်ပိုင်း ဘုန်းတော်ကြီးက သူတို့ကို အိမ်ထောင်ရေး ဘဝအတိုင်း နေထိုင်ရန် ဆုံးမသောအခါ သူတို့ လိုက်နာခဲ့သည်။ St. Teresa သည် Lisieux မြို့ရှိ ကာမယ်လိုက် သီလရှင်ဂိုဏ်းသို့ ဝင်ခဲ့သည်။ ထိုစဉ်တွင် သူမသည် အသက် 15နှစ်သာ ရှိသေးသည်။ Pope Leo XIII နှင့် လူချင်းတွေ့ဆုံပြီး သီလရှင်ဂိုဏ်းဝင်ရန် အခွင့်ရရှိခဲ့သည်။ 1888 ခုနှစ် April 9 ရက်နေ့တွင် Carmelite Postulant ဖြစ်လာခဲ့သည်။ TBရောဂါဖြင့် 1897ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့တွင် ဘုရားသခင်၏ သိမ်းပိုက်မှုကို ခံခဲ့သည်။ “Story of a Soul” စာအုပ်ကို သူဆုံးပြီး နောက်တစ်နှစ်တွင် ထုတ်ဝေနိုင်ခဲ့သည်။ ၂၀ရာစုတွင် သူမ၏ အတုပ္ပတ္တိသည် အရောင်းသွက်ဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့သည်။ အသေးငယ်ဆုံး အလုပ်ကို လုပ်ကိုင်ခြင်းဖြင့် အသေးငယ်ဆုံး ဘုရားသခင်၏ ကလေးသူငယ်အဖြစ် ပျော်ရွှင်ခဲ့သည်ဟု ရေးခဲ့သည်။ မထင်မရှား ဘဝအသက်တာဖြင့် ဘုရားကို ဆက်ကပ်ခဲ့သည်။ 1923ခုနှစ် ဧပြီလ ၂၉ရက်နေ့တွင် သူတော်သူမြတ်အဖြစ် ကြေငြာခြင်း ခံရပြီး Pope Pius XI လက်ထက် 1925 ခုနှစ် မေလ 17ရက်နေ့တွင် ရဟန္တာအဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ 1997 ခုနှစ် အောက်တိုဘာလ 19ရက်နေ့တွင် အသင်းတော်၏ စာဒေါက်တာဘွဲ့ “Doctor of the Church” ဘွဲ့ကို ရရှိခဲ့သည်။ သူ၏ သေဆုံးပြီး နှစ်ပေါင်း ၁၀၀တွင် ဤဘွဲ့တော်ကို ချီးမြှင့်ခဲ့သည်။ လေယာဉ်လုပ်ငန်းတွင် လုပ်ကိုင်နေသူများ၊ ပန်းပွင့် မာလာနှင့် ပတ်သက်သော ရောင်းဝယ်သူများ၊ ဖျားနာသော သူများကို စောင့်ရှောက်သော ရဟန္တာလည်း ဖြစ်သည်။
#Sr.ဖလောရင်းရွှေ (SPC) (ဘာသာပြန်)