Untitled Document
Untitled Document
Untitled Document
ဘာသာပြန်
California governor signs bill to replace Junipero Serra statue စိန့် Junipero Serra ၏ဆင်းတုတော်ကိုပြန်လည်ထားရှိရေး ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးလက်မှတ်ရေးထိုး

ဆရာတော်ကြီးများ၏စာ၌ ‘ဤရဟန္တာသည် အမေရိကန်ဒေသခံများအတွက် မှတ်တိုင်သစ်တစ်ခုဖြစ်ခဲ့သော်လည်း ဥပဒေ က ‘အမေရိကန်နိုင်ငံအတွက်မဟုတ်။ ကယ်လီဖိုးနီးယားပြည်နယ်အတွက်သာဖြစ်သည်’ ဟုလှောင်ပြောင်နေသည်’ ဟု စိန့် Junipero Serra ၏ဆင်းတုတော်နှင့်ပတ်သက်၍ရေးသားခဲ့သည်။

စပိန်နွယ်ဖွားဖြစ်သော ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကစိန့် Junipero Serra ၏ရုပ်တုတော် ကိုကဗျည်းကျောက်စာနှင့်ပြန်လည်ထားရှိရေး ဥပဒေကိုလက်မှတ်ရေးထိုးပြီးဖြစ်သည်။ စိန့် Junipero Serra သည် အမေရိကန် ဒေသခံများအား ဧ၀ဂေလိတရားအလင်းဆောင်ပေးခဲ့သူဖြစ်သည်။ ရဟန္တာ၏ဆင်းတုတော်သည် ကယ်လီဖိုးနီးယားပြည်နယ်၏အ တော်များ၊ အထူးသဖြင့်တောင်ပိုင်းဒေသများ၌ ထုလုပ်ဂုဏ်ပြုထားခဲ့သော်လည်း ယမန်နှစ်နိုင်ငံအ၀ှမ်းဆန္ဒပြမူ၌ လူမျိုးရေးမှိုင်း တိုက်၍ ဖြိုချထုခွဲခဲ့ကြသည်။ထို့ကြောင့်ရုပ်တုတော်ကိုပြန်လည်ထိန်းသိမ်းထားခဲ့ရသည်။ ရဟန္တာ၏ဆင်းတုတော်ကို ပြည်နယ်၏ မြို့တော် စက္ကရာမင်းတိုရှိ ပန်းခြံ၌စကျင်ကျောက်ဖြင့် ထုဆစ်ထားခဲ့သည်မှာ (၁၉၆၀) ကပင်ဖြစ်သည်။ သို့သော်ပြည်နယ်၏ဥပဒေ ပြုရေးအဖွဲ့က ရဟန္တာ၏ဆင်းတုတော်ကို ယခင်နေရာ၌ပြန်လည်မထားရှိတော့ရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။


မျက်မှောက်ခေတ်၌ အပြစ်တင်စွပ်စွဲစရာများပြားနေသော်လည်း မည်သည့်နာမည်ကြီးသမိုင်းပညာရှင်ကမျှ ရဟန္တာ၏တ မန်တော်လုပ်ငန်းနှင့်သာသနာ၏သာသနာပြုသည့်စနစ်နှင့်ပတ်သက်၍ ယခုကဲ့သို့သော် မဂ်လာမဲ့လှသည့်စွပ်စွဲချက်မျိုးကိုမပြုလုပ် ခဲ့ကြောင်း၊ ဖရန်စစ္စကင်အသင်းအဖွဲ့ (၂၁) တစ်ဖွဲ့သည်လည်း ကယ်လီဖိုးနီးယားပြည်နယ်၏ ဆိပ်ကမ်းတစ်လျှောက်၌ အမေရိကန် မြေဖွားဒေသခံများအား ဧ၀ဂေလိတရားဟောကြားနေကြကြောင်းဖြင့် Gomez နှင့် Cordileone တို့ကရေးသားခဲ့သည်။

ဂိုဏ်းချုပ်ဆရာတော်ကြီးများက ကယ်လီဖိုးနီးယားပြည်နယ်၏ ဥပဒေပြုရေးအဖွဲ့အား ရည်ရွယ်ချက်ရှိရှိရေး သားထုတ်‌ ေ၀ထားသောစာအုပ်တစ်အုပ်ကိုသာ မှီးငြမ်းလွန်းပြီး၊ ထိုစာအုပ်ကိုသတင်းသမားတစ်ဦးဖြစ်သော Elias Castillo က A Cross of Thorns: The Enslavement of California’s Indians by the Spanish Missions (ဆူးလကျဝါးကပျတိုငျ - အမရေိကနျဖှားဒသေခံမြားသညျ စပိနျသာသနာပွုတို့၏ကြှနျပွုခံရခြင်း) ဟုအ မည်ပေးထား သောစာအုပ်ဖြစ်သည်။ ‘ကျွန်ုပ်တို့အနေဖြင့် ကက်သလစ်အများဆုံးနေထိုင်သော ပြည်နယ်နှစ်ခုရှိသာသနာတော်ကိုဦးစီး ရာတွင် မိမိတို့ဘိုးဘေးများယုံကြည်ခြင်းအမွေကိုဆက်လက်၍ ထိန်းသိမ်းပွေ့ပိုက်သော ကယ်လီဖိုးနီးယားကက်သလစ် ထောင်သောင်းများကို အစေခံလျှက်ရှိကြောင်းဖြင့်ဂိုဏ်းချုပ်ဆရာတော်ကြီးများကရေးသားခဲ့သည်။ အမေရိကန်မြေဖွား ဒေသခံများအပေါ် နိုင်ထက်စီးနင်းပြုလုပ်ခံရသည့် ခါးသီးသောသမိုင်းကြောင်းရှိမည်ကိုနားလည်ပါသည်။ သမိုင်းသည် ရှုပ်ထွေးတတ်ပြီး၊ အချက်အလက်သာအဓိကကျပါသည်။

(၂၀၁၅) ခုနှစ်က ရဟန်းမင်းကြီးဖရန်စစ်မှရဟန္တာတင်မြောက်ခဲ့သော ရဟန္တာအား အလွန်ရှုပ်ထွေးသောစရိုက်ရှိ သူဟုပုံဖော်လိုကြသည်။ သို့သော် အမေရိကန်ဖွားဒေသခံများကိုကာကွယ်ပေးခဲ့သူ၊ အမျိုးသမီးတို့၏မတရာကျူးလွန်ခံရ မူများကိုထုတ်ဖော်ပြောဆိုခဲ့သူ၊ အမေရိကန်ဒေသခံများအား သေဒဏ်အပြစ်ချမှတ်ခြင်းများကို မားမားမတ်မတ်ရပ်တည် ကာကွယ်ပေးခဲ့သူဟုသတ်မှတ်ကြသည်။ စိန့် Serra သည်ကယ်လီဖိုးနီးယားဒေသခံများအတွက် မမေ့နိုင်စရာလူပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဘ၀တစ်လျှောက်လုံးကိုပေးအပ်ခဲ့သူဖြစ်သည်။ စိန့် Serra သည်အသက် အရွယ်ကြီးပြီး၊ နေထိုင်မကောင်းဖြစ်နေသော်လည်း မက်ဆီကိုမြို့အတွင်း၌ မိုင်ပေါင်း (၂၀၀၀) ကျော်လမ်းလျှောက်၍ ဒေသခံများ၏အခွင့်အရေးနှင့်ပတ်သက်၍ သူရေးသားပြုစုထားသည့်အခွင့်အရေးကိုအတည်ပြုပေးရန် အာဏာပိုင်တို့ ကိုဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။ အနာဂါတ်ကိုမျှော်လင့်၍ အတိတ်ကိုပုံဖော်ထုဆစ်ခဲ့ရသည်။ ၄င်းတို့၏အခွင့်အရေး ကိုတောင်းဆိုကာကွယ်ပေးခဲ့သောသူအားအမှတ်ရသည့်အနေဖြင့် သူ၏ရုပ်တုကိုစိုက်ထူးပြီး၊ ထိုအခွင့်အရေးနှင့်အညီအ သက်ရှင်သန်နေကြသော ကယ်လီဖိုးနီးယားဒေသခံများ၏ယှဉ်တွဲသော အမှတ်သင်ကေတလောက် ကောင်းသောမြင် ကွင်းမျိုးမရှိတော့ကြောင်းဂိုဏ်းချုပ်ဆရာတော်ကြီးများကရေးသားထားသည်။

ဆန်တာကလားရာတက္ကသိုလ်၏ အငြိမ်းစားသမိုင်းပါမောက္ခတစ်ဦးလည်းဖြစ်၊ Junipero Serra: California, Indians, and the Transformation of a Missionary စာအုပ်ကိုရေးသားခဲ့သူလည်းဖြစ်သော Robert M. Senkewicz က ပြီးခဲ့သော (၂၀၁၅) Catholic World Report နှင့်တွေ့ဆုံမေးမြန်းချက်၌ ကယ်လီဖိုးနီးယားပြည်အ တွင်း သာသနာပြုနည်းဗျူဟာသည် ကယ်လီဖိုးနီးယားဒေသခံများကို ကျွန်ပြုခြင်းမှ ကာကွယ်မူအပြည့်အ၀ပေးထား သောစနစ်ဖြစ်သည်ဟုဖြေဆိုခဲ့သည်။

စိန့် Serra နှင့်ဖရန်စစ္စကင်အသင်း၀င်တို့အနေဖြင့် ဒေသခံများအား နယ်မြေချဲ့ထွင်လာသော စပိန်တို့၏ဖိနှိပ်အ နိုင်ကျင့်ဗိုလ်ကျမူကိုအထူးအလေးထားကာကွယ်ခဲ့သည်။ စပိန်လယ်သမားများ၊ သတ္တူတွင်းလုပ်သားများနှင့်စစ်သား များက ဒေသခံများအားကြွေးများ၌နစ်စေကာ သေသည်အထိအကြွေးတွင်းမှမကျွတ်နိုင်အော်လှည့်စားမည်ကိုလည်းအ ထူးဂရုပြုခဲ့ကြသည်။ ထို့ကြောင့် ဒေသခံများက သာသနာရိပ်သည် သူတို့တွက်ခိုနားစရာ၊ အားကိုးရာ၊ လုံခြုံရာအဖြစ် လက်ခံလာပြီး၊ မိမိတို့၏ရိုးရာသက်၀င်ယုံကြည်မူများမှ ခရစ်ယာန်ဘာသာသို့ကူးပြောင်းလာခဲ့ကြသည်။ ထို့ကြောင့် ဒေသခံများအတွက်မှာမူ စိန့် Serra နှင့်ဖရန်စစ္စကင်သည် ၄င်းတို့အတွက်ကယ်တင်ရှင်သဖွယ်၊ အားကိုးရာအဖြစ်လက်ခံ ခဲ့ကြသည်။

ဘာသာပြန် - ဖာသာရ်ကလေးမင်းအားတယ်
ဘာသာျပန္မ်ား