Untitled Document
Untitled Document
Untitled Document
ဘာသာပြန်
Papal Almoner Cardinal Krajewski to visit Ukraine for 4th time ရဟန်းမင်းကြီးသည် ကာဒီနယ် Krajewski အားယူကရိန်းသို့ စတုတ္ထအကြိမ်မြောက်စေလွှတ်

ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ကရုဏာရေးလုပ်ငန်း၏ တာ၀န်ခံကာဒီနယ် Krajewski အားယူကရိန်းသို့ စတုတ္ထအကြိမ်မြောက်စေလွှတ်လိုက်ကြောင်း ဗာတီကန်ကကြေညာခဲ့သည်။ သူသည် ရဟန်းမင်းကြီးဖရန်စစ်ကိုယ်စား သွားရောက်ခြင်းဖြစ်သည်။ အရှေ့ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သော ယူကရိန်းနိုင်ငံသည် ရုရှား၏ကျူးကျော်စစ်ကိုခံနေခဲ့ရ သည်မှာ (၆) လထဲသို့ရောက်ရှိလာပြီဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်စေလွှတ်မည့်ကာဒီနယ်သည် Odessa, Zhytomyr, Kharkiv မြို့များနှင့် စစ်ဒဏ်သင့်ယူကရိန်းနိုင်ငံ၏အခြားဒေသများသို့လည်း သွားရောက်ကြည့်ရှုမည်ဖြစ်သည်။ ရဟန်းမင်း ကြီး၏ကိုယ်းစားလှယ်သည် ယူကရိန်းနိုင်ငံမှ ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ သူတော်စင်များ၊ ဘာသာတူများအ ပေါ်ထားရှိသောရဟန်းမင်းကြီး၏မေတ္တာနှင့်ထပ်တူခံစားနေရမှုကို ပြသလိုက်ခြင်းဖြစ်သည်။ ဘာသာရေးခေါင်းဆောင် များသည် ၎င်းတို့၏အသက်ကိုပင်မငဲ့နိုင်ဘဲ စစ်စတင်သည်မှစ၍ စစ်ပြေးဒုက္ခသည်များအား ကူညီစောင့်ရှောက်နေခဲ့ သည်မှာ ရက်ပေါင်း (၂၀၀) ကျော်လာပြီဖြစ်သည်။

            ရဟန်းမင်းကြီးကိုယ်စားလှယ်၏သွားရောက်ခြင်းသည် ‘တိတ်ဆိတ်ပြီး၊ ဧ၀ံဂေလိတရားနွယ်သောခရီးစဉ်’ ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ စစ်ကြောင့်အတိဒုက္ခရောက်နေသောပြည်သူများနှင့်အတူရှိနေရန်၊ အတူဆုတောင်းရန်နှင့် အားပေးနှစ်သိမ့်ရန်၊ ၎င်းတို့သည်မေ့လျော့ခံများမဟုတ်ကြောင်းကို ပြသခံစားစေရန်ဖြစ်သည်။ ကာဒီနယ်သည် အစော ပိုင်းကလည်းယူကရိန်းသို့သွားရောက်ခဲ့ပြီး ၎င်းနှင့်အတူလူနာတင်ယာဉ်တစ်စီးလည်း ရဟန်းမင်းကြီးကိုယ်စားသွား ရောက်ပေးအပ်ခဲ့သည်။ ပြီးခဲ့သော မတ်လသွားရောက်ခဲ့စဉ်ကလည်း လူနာတင်ယာဉ်တစ်စီးကိုပေးအပ်ခဲ့သည်။ လတ်တလော၌ ယူကရိန်းတပ်အနေဖြင့် ရုရှားတို့သိမ်းပိုက်ထားခဲ့သော အရှေ့ပိုင်းမှနယ်မြေအတော်များကို ပြန်လည်သိမ်းပိုက် ထားနိုင်ကြောင်းသတင်းများကဆိုပါသည်။ ရုရှားအနေဖြင့်လည်း၄င်းတို့သိမ်းပိုက်ထားနိုင်ခဲ့သော ဒုတိယအကြီးဆုံးခံတပ်မြို့ဖြစ်သော Kharkiv အားလက်လွတ်လိုက်ကြောင်းကို ထုတ်ဖော်ပြောကြားထားသည်။ ယူကရိန်းစစ်တပ်အနေဖြင့်ရုရှားတပ်များခြေကုပ်ထားသောနေရာအတော်များများကို ပြန်လည်သိမ်းပိုက်ရယူထားနိုင်ကြောင်း Kharkiv အခြေဆိုက်  ရုရှားအစိုးရ၏ထောက်ပံ့မှု ကိုရယူထားသော Vitaly Ganchev အဖွဲ့၏ခေါင်းဆောင်ကပြောကြားထားသည်။ ယူကရိန်းသမ္မတ၏ ပြောကြားချက်အရ ယူကရိန်းတပ်များသည် ရုရှားတို့တပ်စွဲထားသော Kharkiv မှနေရာ (၃၀) ကျော်ကိုပြန်လည် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံ၏အရှေ့ပိုင်း Donbas နှင့်တောင်ပိုင်းတို့၌ တိုက်ပွဲများဆက်လက်ပြင်းနေဆဲရှိ ကြောင်းပြောကြားခဲ့သည်။

                  Credit photo

ဘာသာပြန် ဖာသာရ် ကလးမင်းအားတယ်

ဘာသာျပန္မ်ား