Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
Pope Francis and Nancy Pelosi meet at the Vatican
ရဟန်းမင်းကြီးဖရန်စစ်သည် အမေရိကန်အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူနှင့်ဗာတီကန်၌တွေ့ဆုံခဲ့

            ရဟန်းမင်းကြီးဖရန်စစ်သည် အမေရိကန်အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူ Nancy Pelosi နှင့်ပြီးခဲ့သော စနေနေ့က ဗာတီကန်တွင်တွေ့ဆုံခဲ့သည်။ ဗာတီကန်သတင်းဌာနမှ ၄င်းတို့၏တွေ့ဆုံမူကို အတည်ပြုထားသော် လည်း မည်သည့်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ဤခရီး၌  ပြောရေးဆို ခွင့်ရှိသူနှင့်အတူ စီးပွားရေးသမားဖြစ်သော သူ၏ခင်ပွန်းလည်းလိုက်ပါနေကြောင်း ဗာတီကန်မှဖော်ပြထားသော ဓာတ်ပုံများအရသိရသည်။ ပြောရေးဆိုခွင့်ရှိသူသည် ဗာတီကန်၏အတွင်းရေးမှူး ကာဒီနယ် Pietro Parolin၊ နိုင်ငံတကာရေးရာဆိုင်ရာတာ၀န်ခံ ဂိုဏ်းချုပ်ဆရာတော် Paul Gallagher တို့နှင့်လည်းတွေ့ဆုံခဲ့ကြောင်း သိရသည်။

            အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူသည် အီတလီသွေးနှောသောအမေရိကန်နိုင်ငံသားဖြစ်သည်။ သူသည် ရောမသို့ရောက်ရှိနေခြင်းမှာ G20 ဟုလူသိမြားသော ကမ်ဘာ့ထိပျသီးနိုငျငံ (၂၀) တို့၏အစညျးအ‌ဝေးကွီး၌ အဖှငျ့မိနျ့ ခှနျးပွောကွားရနျရောကျရှိနခွေငျးဖြစ်သည်။ သူသည် အီတလီ၀န်ကြီးချုပ် Mario Draghi နှင့်လည်းတွေ့ဆုံခဲ့ သည်။

            အသက် (၈၁) နှစ်ပြည့်ပြီဖြစ်သောအိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူသည် ပြီးခဲ့သော စနေနေ့က ရဟန်းမင်း ကြီးနှင့်တွေ့ဆုံစဉ် သဘာ၀ပတ်၀န်းကျင်အကြောင်း၊ ပြောင်းရွေ့ဒုက္ခသည်များအကြောင်း၊ လူ့အခွင့်အရေးအ ကြောင်းများကိုဆွေးနွေးခဲ့ကြသည်။ သူနှင့်အတူ ဗာတီကန်အတွက် အမေရိကန်သံအမတ် Patrick Connell လိုက် လျှက်ဗာတီကန်သို့လာရောက်ခဲ့သည်။ ထိုနေ့၌ပင် ဗာတီကန်အတွက်အမေရိကန်၏သံအမတ်သစ်အဖြစ် ယခင်အင်ဒီ ယားနား၏လွှတ်တော်အမတ် Joe Donnelly အားခန့်အပ်ကြောင်းကြေညာခဲ့သည်။

            အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူသည် ကက်သလစ်ဘာသာတူတစ်ဦးဖြစ်ပြီး၊ ကလေး (၅) ဦး၏မိခင်လည်း ဖြစ်သည်။ သို့သော် သူသည် သူ၏သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်နှင့်သန္ဓေဖျက်ချခြင်းနှင့်ပတ်သက်၍ မကြာခဏ သဘောထားကွဲလွဲမူရှိနေသည်။ သူ၏ဂိုဏ်းချုပ်ဆရာတော် Salvatore Cordileone သည် ပြီးခဲ့သောလက နိုင်ငံ ရေးသမားများ အထူးသဖြင့် သန္ဓေဖျက်ချခြင်းကိုအားပေးအားမြောက်ပြုနေသောနိုင်ငံရေးသမားများ၏ စိတ်နေသ ဘောထားများပြောင်းလဲလာစေရန် ဆုတောင်းလှုပ်ရှားမူကို ဦးဆောင်ကျင်းပခဲ့သေးသည်။ သန္ဓေဖျက်ချခြင်းနှင့် ပတ်သက်၍ အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အများစု၏စိတ်ထားပြောင်း လဲရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ဆရာတော်က ဆုတောင်းလှုပ်ရှားမူ၌ပါ၀င်ပေးကြပါ ရန် ကက်သလစ်ဘာသာတူများဖိတ်ခေါ်ပန်ကြားပါသည်။ အထူးသဖြင့် အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူစိတ်ထား ပြောင်းလဲလာရရန် ၀ါရှောင်ဆုတောင်းပေးကြရန်တိုက်တွန်းခဲ့သည်။                    

          ဂိုဏ်းချုပ်ဆရာတော်သည် အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူအတွက်ရည်စူး၍ ‘Nancy Pelosi အတွက် နှင်းဆီတစ်ပွင့်နှင့်စိတ်ပုတီးတစ်ကုံး’ ဆုတောင်းလှုပ်ရှားမူကိုပြုလုပ်ခဲ့သည်။ သူ့အတွက် သ‌နေ္ဓ ဖျက်ချခြင်းကိုမလိုလားသူများ၏ဆုတောငျးခွငျးနှငျ့ဝါရှောငျခွငျးအမှတ်လက္ခဏာအဖြစ် နှင်းဆီတစ် ပွင့်ကိုသူ့ထံပေးပို့မည်ဖြစ်သည်။  

          ဗာတီကန်ရုံးတော်မှ အမေရိကန်ဆရာတော်ကြီးများထံသို့လိပ်မူ၍ပေးပို့ခဲ့သောစာနှင့်ပတ်သက် ၍ Nancy Pelosi အနေဖြင့်အလွန်ကျေနပ်ရပါကြောင်း၊ ထိုစာ၌ သန္ဓေဖျက်ချခြင်းကို နိုင်ငံရေးပါတီ၏မူ ၀ါဒအရထောက်ခံသော ကက်သလစ်နိုင်ငံရေးသမားများနှင့်စုစုစည်းစည်းရှိရန်၊ ခွဲခြားပစ်ပယ်ခြင်းမပြု ရန်ညွှန်ကြားထားကြောင်း Nancy Pelosi က ပြီးခဲ့သောမေလတွင်ပြောကြားခဲ့သည်။ သူ၏လိုရာစွဲပြော ခြင်းကို ဂိုဏ်းချုပ်ဆရာတော် Cordileone ကဗာတီကန်အနေဖြင့် ဆရာတော်ကြီးများနှင့်သန္ဓေဖျက်ချ ခြင်းကိုအားပေးထောက်ခံသော နိုင်ငံရေးသမားများနှင့်တွေ့ဆုံတွေးနွေးကြရန်တိုက်တွန်းခြင်းဖြစ် ကြောင်း၊ ၄င်းတို့အားပေးအားမြောက်ပြုနေသောအမူ၏ ကြီးလေးသောမကောင်းမူကိုသိရှိလာအောင်ကူ ညီ၍၄င်းတို့၏သဘောထားရပ်တည်ချက်နှင့်ပတ်သက်၍ တစ်ဖြေးဖြေးပြောင်းလဲလာရန်သာပြော ကြောင်း၊ ဗာတီကန်၏စာနှင့်ပတ်သက်၍ အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူ၌အပြုသဘောဆောင် သည့်အမြင်ရှိခြင်းသည် တွေ့ဆုံဆွေနွေးခြင်း၊ သဘောထားပျော့ပြောင်းလာအောင်ညှိနှိုင်းနိုင်လိမ့်မည် ဟုမျှော်လင့်ကြောင်းလည်းပြောကြားခဲ့သည်။       

          Pelosi သည် ကက်သလစ်ဘာသာတူတစ်ဦးဖြစ်ပါလျှက်နှင့်သန္ဓေဖျက်ချရန်ကာယကံရှင်မှရွေးချယ်ခဲ့သည်ကို   ကုန်ကျစရိတ်မျှခံရန်တင်သွင်းခြင်းကိုဂိုဏ်းချုပ်ဆရာ Cordileone  ကပြီးခဲ့သော ဇူလိုင်လတွင်‌ေ၀ဖန်ခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်က အပြစ်မဲ့သောလူ့အသက်ကိုသတ်နေသည်ကိုအားသူတစ်ယောက်သည် မိမိကိုယ်မိမိဘာသာ တရားရိုသေကိုင်းရှိုင်းသူတစ်ဦးအဖြစ်အဘယ်သို့မျှသတ်မှတ်၍မရ။ ထိုကုန်ကျစရိတ်ကိုအစိုးမှပေးဆောင်ရမည်ဟု ဂိုဏ်းချုပ်ဆရာတော်ကတုန့်ပြန်ခဲ့သည်။

            အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူသည် (၂၀၀၉) ခုနှစ်ကလည်း ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) နှင့်  (ငြိမ်း) (၁၅) မိနစ်ခန့်မျှစကားပြောဆိုခွင့်ရခဲ့သည်။ ထိုတွေ့ဆုံပွဲ၌ ရဟန်းမင်းကြီးငြိမ်းသည်လည်း သဘာ၀တရား၏ ကိုယ်ကျင့်သီလနှင့်အမိသာသနာတော်ကြီး၏ လူ့ဂုဏ်သိက္ခာကို သန္ဓေတည်သည့်အချိန်မှစ၍လေ့စားစွာဖြင့်ကာ ကွယ်ရပ်တည်ပြီး၊ သဘာ၀အလျှောက်အသက်ချုပ်ငြိမ်းသည်မှလွှဲ၍ အသက်ကိုချုပ်ပိုင်ခွင့်မရှိသည့် အချက်များကို ဆွေးနွေးပြောဆိုခဲ့ကြသည်။

            ရဟန်းမင်းကြီးဖရန်စစ်သည်လည်း အမေရိကန်နိုင်ငံ၏ဒုတိယကက်သလစ်သမ္မတ ဂျိုးဘိုင်ဒင်နှင့်ယခုလ (၂၉) ရက်နေ့၌ ဗာတီကန်တွင်လက်ခံတွေ့ဆုံမည်ဖြစ်သည်။ ဤတွေ့ဆုံခြင်းသည် သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် သမ္မတအဖြစ်ရွေးကောက်တင်မြောက်ခံရပြီးနောက် အမေရိကန်သမ္မတအဖြစ် ပထမဦးဆုံးအကြိမ်လာရောက်ခြင်း ဖြစ်သည်။ သမ္မတဂျိုးဘိုင်ဒင်သည် အောက်တိုဘာ (၃၀-၃၁) အထိ ရောမမြို့တွင်ကျင်းပမည့် (G20) အစည်းအ ‌ေ၀းသို့တက်ရောက်ရန်ရှိသည်။

            အမေရိကန်အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူသည် ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံခဲ့ခြင်းကို ၀ိညာဉ် ရေး၊ ကိုယ်ပိုင်အမြင်များဖလှယ်ခြင်း၊ တရား၀င်ကြိုဆိုမူကိုရှိသောတွေ့ဆုံခြင်းဖြစ်ကြောင်းမှတ်ချက်ပြုခဲ့သည်။ ရ ဟန်းမင်းကြီး၏ဦးဆောင်မူသည် ပျော်ရွှင်မူ၏အရငးအမြစ်၊ ကက်သလစ်များနှင့်လူသားများအတွက်မျှော်လင့်ချက်၊ ကျွန်ုပ်တို့အားလုံး ဘုရားသခင်၏ဖန်ဆင်းခြင်းလုပ်ငန်းစဉ်၌ ကောင်းသောဘဣာစိုးဖြစ်ရန်ကျွန်ုပ်တို့တစ်ဦးစီအား စိန်ခေါ်နေသူ၊ နေရပ်စွန့်ခွာလာကြသော ဒုက္ခသည်များ၊ ပြောင်းရွေ့များ၊ ချို့တဲ့နွမ်းပါးသူများအားလက်ခံကြရန်၊ လူ့ ဂုဏ်သိက္ခာနှင့်ဘုရားသခင်၏ရုပ်ပုံလွှာကိုသိမှတ်လေးစားရန်အားကြိုးမာန်တက်လုပ်ဆောင်နေသူအဖြစ်ပြောကြားခဲ့ သည်။

            ရဟန်းမင်းကြီးဖရန်စစ်၏ စာချွန်တော်တစ်စောင်ဖြစ်သော ‘Laudato si’ (သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်း ရေးဆိုင်ရာစာချွန်တော်) သည် ကမ္ဘာ့အဖွဲ့အစည်းကြီးအား ကမ္ဘာ့ရာသီဥတုပြောင်းလဲလာနေမူနှင့်ပတ်သက်၍  ပြတ် သားတိကျသောဆုံးဖြတ်ချက်များနှင့်လက်တွေ့ကျသောလုပ်ဆောင်မူများကိုဖောျဆောငျရနျ၊ ဤသို့ဖောျဆောငျသောျ လညျး လူမူအသိုငျးအဝိုငျးမှထိလှယျရှလှယ်သောလူတန်းစားများကိုလည်းလစ်လျူမရူကြရန် ပြင်းထန်သောတွန်း အားတစ်ခုဖြစ်ပေမည်။

            အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူက သူ့အနေဖြင့် ရာသီဥတုပြောင်လဲလာမူဆိုင်ရာကွန်ဂရက်စ်၌ အလုပ် လုပ်နေသူများအား အလွန်ကျေးဇူးတင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးဖရန်စစ်သည် ရာသီဥတု ပြောင်းလဲလာမူနှင့်ပတ်သက်၍ လုပ်ဆောင်နိုင်သမျှကို မတွန့်မဆုတ်လုပ်ဆောင်နေကြောင်း၊ (၂၀၁၅) ခုနှစ်က ရဟန်းမင်းကြီး၏ ပူးတွဲကွန်ဂရက်၌ မိန့်ကြားခဲ့သောမိန့်ခွန်းကိုယခုထိတိုငျတနျဖိုးထားရကွောငျး၊ သံမာတေဦး၏ ဧဝဂလေိကမြျးလာ လူမူအသိုငျးအဝိုငျး၌ အသိမျငယျဆုံးသောသူတို့အားအလုပျအကျွေးပြုရန်၊ မေ့လျော့ခံ၊ စွန့်ပစ်ခံ များအား လူရာသွင်းပေးကြရန်၊ အထူးသဖြင့် ကိုးဗစ်ကာလ၌ အထူးကြပ်မတ်စောင့်ရှောက်ပေးရန်တိုက်တွန်းခဲ့ သည်။ အမေရိကန်ပြည်ထောင်စု၊ စိန့်ဖရန်စစ္စကိုမြို့၌ ကက်သလစ်များသည် ရဟန်းမင်းကြီးဖရန်စစ်ကိုအလွန်ဂုဏ် ယူကြသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ဆိုင်စွာဖြင့် မြို့ကိုမှိုင်းမသောရဟန္တာ၏အမည်ကိုလည်းခံယူထားသောရ ဟန်းမင်းကြီးလည်းဖြစ်နေသည်။ ထို့အတူ နိုင်ငံတော်သီချင်း စိန့်ဖရန်စစ်၏ဆုတောင်းဖြစ်သော ‘အိုသခင်၊ ကျွန်ုပ် အားငြိမ်းချမ်းရေး တန်ဆာဖြစ်စေတော်မူပါ။ မှောင်မိုက်ခြင်းရှိသည့်နေရာ၌ အလင်းကိုသယ်ဆောင်ပေးပါရစေ။ အ မုန်းတရားရှိသည့်နေရာ၌ ချစ်ခြင်းမေတ္တာကိုသယ်ဆောင်ပေးပါရစေ။ စိတ်ပျက်အားလျော့ခြင်းရှိသည့်နေရာ၌ မျှော်လင့်ခြင်းသယ်ဆောင်ပေးပါရစေ’ ဟုဖြစ်ပါသည်။ 

ဖာသာရ်ကလေးမင်းအားတယ်

Photo Crd 

ဆောင်းပါးများ