Untitled Document
Untitled Document
Untitled Document
ကဗ်ာ
"သူ"

*သူ...ကိုယ့်ဘဝသို့စတင်ဝင်လာသည့်နေ့မှစ၍ ကိုယ့်ဘဝဟာ အရာရာ ပြောင်းလဲသွားခဲ့တယ်။ သူကိုယ့်အနားမှာ မရှိရင်မနေနိုင်တော့ဘူး..
*သူ့ကြောင့် ကိုယ် အိပ်ရေးပျက်ရသော ညပေါင်းလည်းများနေပြီ...
*သူ့..ကြောင့်  ကိုယ် ဆုတောင်းမေတ္တာဆိုရင်လည်းကောင်းမွန်စွာ အာရုံမပြုနိုင်ဘူး...
*သူ့..ကြောင့် ကိုယ်ခံယူထားသော ဖြူစင်ခြင်း ၊ဆင်းရဲခြင်း၊ နာခံခြင်း သစ္စာများလည်းမကြာခဏပျက်ကွက်မိတတ်တယ်...
*သူ့...ကြောင့် ကိုယ်နေထိုင်တဲ့ အသိုင်းအဝိုင်းမှာ တစ်ချို့သော ဆက်ဆံရေးတွေ ပြတ်တောက်သွားတယ်...
*သူ့ကြောင့် ကိုယ့်အချိန်ကို မလိုအပ်သောအရာမှာ များစွာဖြုန်းတီး မိတယ်...
       တကယ်တော့ သေချာစဥ်းစားမိရင်......
*သူ့..ကြောင့်  ကိုယ်က အရာရာမှာ ကျရှုံး၊ပျက်ကွက်သွားတာမဟုတ်ပါ...
*သူ့...ကို ကိုယ်ကမကိုင်တွယ်တတ်တာပါ...
*သူ့ကိုသာ အသုံးပြုတတ်ရင် ကိုယ့်မှာ ဝိညာဉ်ရေး ၊ ပညာရေး၊ လူမှုရေးနှင့်  သာသနာပြုလုပ်ငန်းရေးရာတွေမှာများစွာ တိုးတက်လာမှာသေချာပါတယ်..
*သူ့ကို အကျိုးရှိအောင် အသုံးပြုတတ်ရန် အသိ၊ သတိကြီးစွာဖြင့် ကိုင်တွယ်တတ်ဖို့ရှင်တော်ဘုရားထံ ဆုပန်ရအုံးမယ်....

 

Sr. Agnes အယ်မူးဖေါ,  Marovich (ISR)
Posted by Sr.Benedetta Myat Hnin Nwe,ISR

ကဗ်ာမ်ား