CRCM တို့ကျောင်းတော်ကြီးမှာ လူမျိုးပေါင်းစုံ...သူ့တော်စင်များ၊ စုရုံးရောက်လာ၊
ရေမြေတွေခြား..ခက်ခဲများကြား၊ ပြည်မငြိမ်းလှ၊ အခြေအနေစုံမှ
အရောက်လှမ်းလာ၊ ဝိညာဉ်ရေးရာ..တိုးတက်ဆပွား၊ ပေးဆပ်အစေခံ..
ကြုံလာခက်ခဲ..လှိုင်းထမ်းဖိုးကြမ်း..ကြမ်းတမ်းသော်လည်း..ကိုယ်တော့်ခေါ်သံ ထူးကာလိုက်ခဲ့..
သာသနာ့လယ်ကွင်းထဲ.. အစေခံအသက်တာ...ပေးဆပ်သူမို့..
ရင်ဆိုင်ရသော..ဒုက္ခဝေဒနာ..ကိုယ်တော်ရှင်နှင့်ပေါင်းစပ်နိုင်ရန်..
အရာရာကိုရင်ဆိုင်သတ္တိ၊ စွမ်းစတမံ.. လူသားတွေအတွက်၊ကောင်းသောသိုးထိန်း..ပီသအသက်ပေး..
နေထိုင်ကျင့်ကြံ..ဆောက်တည်ရာမို့ ..မိမိငယ်စဥ်.. အတိတ်ဘဝပင်..အဘယ်သို့သော.. ကြီးပြင်းလာပုံ
အတွေးကိုယ်စီ.. ထောက်ရှုခဲ့ကြ။ သင်ကြားနာယူ..ကိုယ်တော်စကား၊ လေ့လာဆည်းဖူး... ဗဟုသုတ
မိမိအတွက်သာ၊ ပြောင်းလဲဖို့ရာ..နေ့ရက်သစ်တိုင်း... ခရစ်တော်ကိုသာ ..
ကိုယ်စီနှလုံးသား... ပူဇော်အပ်ထား...လုပ်ဆောင်သမျှ... ချစ်မေတ္တာမျှ...နီးစပ်သူကို ပေးဝေမျှရင်း....
Sr. Monica Cing. Zomi (FSAG)
Posted by Sr. Benedetta Myat Hnin Nwe(ISR)